Home News Local News ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

0
68

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။

ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။

အိမ်ခြေ (၅၀၀) ကျော်ရှိသည့်အတွက် သုံးရေရော သောက်ရေပါ လုံလောက်မှုမရှိဘဲ အခက်တွေ့နေခြင်းလည်းဖြစ်သ ည်။

လက်ရှိတွင် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ အဝီစိရေများ သွားရောက်လှူဒါန်းရန် စီစဉ်နေပြီး ရေတင်ယာဉ် တစ်ခေါက်စာအတွက် စက်သုံးဆီကုန်ကျ စရိတ် (၁၂၀,၀၀၀) ကျပ်ခန့် လိုအပ်လျက်ရှိသည်ဟု အသင်းတာဝန်ခံက ဆိုထားသည်။

ထို့ကြောင့် ရေခက်ခဲနေသော မိဘပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ထံသို့ တို-က်ရို-က်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အသင်းက အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ-Than Htike Aung

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here