လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့မင်္ဂလာရုပ်ရှင်ရုံမှာ ရုံတင်တော့မယ့် မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရှိပါတယ်။ မြန်မာ့ရိုးရာဇာတ်သဘင်မှာပဲ သူ့ဘဝ တစ်ခုလုံးကို နှစ်မြှုပ်ထားတဲ့ မြို့ရွှေမန်းသားရဲ့ သရုပ်ဆောင်မှုတွေကို ပိတ်ကား ထက်မှာ ပြန်လည်တွေ့မြင်ရတော့မှာပါ။ ‘ဒီဇင်ဘာမှာ ရုံတင်ပါမယ်။ ကြည့်စေချင်ပါတယ်။ နောင်တွင်ဥဒါန်းတွင်စေသတည်းပါ။ ကျွန်တော်ပါဝင်တဲ့ဇာတ်ကားမို့လို့မဟုတ် ပါဘူး။ ဒါရိုက်တာ အကယ်ဒမီမြို့တော်မောင်ယဉ်အောင်ရိုက်တာပါ။ ကိုးဆယ်ဆ သာလိမ့်မယ်ကို ရိုက်တဲ့ဆရာပါ။ ကြည့်ကြည့်ပါဦး’လို့ ဖိုးချစ်က ဆိုပါတယ်။ ဖိုးချစ်မှာ အနုပညာရှိတယ်။ ဖန်တီးနိုင်စွမ်းအားရှိတယ်။ ရုပ်ရှင်ပိုင်းမှာ သူဖန်တီးချင်တဲ့ ဇာတ်လမ်းလေးတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေက…
‘ကျွန်တော်ကတော့ ဘယ်လမ်းကြောင်းကိုသွားဖို့ရွေးထားလဲဆိုတော့ ဥပမာ-အနော်ရထာမင်းနဲ့ ရှမ်းမင်းသမီး စောမွန်လှအကြောင်းတို့လိုပေါ့။ ရုပ်ရှင်ဘက်မှာ ဇာတ်လမ်းတွေအများကြီးရိုက်ကြတယ်။ ကျွန်တော်နဲ့နည်းနည်းပိုနီးစပ်မယ့်၊ ပိုလုပ် ချင်မယ့်အရာကတော့ ဘုရင့်နောင်လို ဇာတ်လမ်းမျိုးတွေ၊ ရာဇဝင်ဇာတ်လမ်းမျိုးကြီး တွေကို ရုပ်ရှင်ပညာနဲ့ပေါင်းပြီးတော့ ပြချင်တာပါ။ အခုလိုပေါ့။ အားလုံးကျယ် ပြန့် သွားတဲ့အခါ နိုင်ငံတကာကို ပြလို့ရအောင်ရယ်၊ ကျွန်တော်တို့ရဲ့ မြန်မာ့မင်းတွေ၊ မြန်မာဘုရင်တွေရဲ့ မြန်မာ့ရိုးရာတွေ ဘယ်လောက်အထိ ခမ်းနားထည်ဝါပြီး နေခဲ့ကြ သလဲ၊ ဘယ်လိုစိတ်ဓာတ်တွေနဲ့နေခဲ့ကြသလဲပေါ့။ ဥပမာ- ကနောင်မင်းသားလိုမျိုး ဆိုရင် သိပ်ရိုက်လို့ကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရုရှားလိုနိုင်ငံမှာတောင်မှ သေနတ်လောက်ထွင်နိုင်တဲ့အချိန်မှာ ရေမြှုပ်ဗုံးတောင်မှထွင်နိုင်တဲ့ တ ကယ့်ပညာရှင် ကြီးတွေပါ။ အတွေးအခေါ်ကောင်းတယ်။ စက်ရုံတည်ထောင်ထားနိုင်တယ်။ ဒီလိုမျိုး ဆိုရင်ရိုက်သင့်တယ်ပေါ့နော်’ လို့ ဖိုးချစ်က ပြောပြခဲ့ပါတယ်။
မျိုးမောင်