Tuesday, August 11, 2026

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည်...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15...

ထားဝယ်၊ ဩဂုတ်-၁၁ ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့်...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက...

နေပြည်တော်၊ ဩဂုတ် ၁၁အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့...

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေး အီဂျစ်နိုင်ငံနှင့်ပူး...

မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာသံ အမတ်ကြီးဦးကျော်တင်ရှိန်နှင့် အီဂျစ်စိုက်ပျိုးရေးဝန် ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa ၊...
HomeMyanmar Theatrical Traditionပရိသတ်တွေအနေနဲ့ အဂ္ဂါမိုးဝင်းကို စောင့်ပေးပါလို့...

ပရိသတ်တွေအနေနဲ့ အဂ္ဂါမိုးဝင်းကို စောင့်ပေးပါလို့ တောင်းဆိုလိုက်တဲ့ဟန်ဇာမိုးဝင်း

ဟန်ဇာမိုးဝင်းက ဒီနှစ်ဇာတ်သဘင်ရာသီမှာတော့ စံပြသဘင်ကို သူတစ်ယောက်တည်း အနေနဲ့ပဲ ဦးဆောင်ကာကပြလျက်ရှိပါတယ်။ သူဟာ ပရိသတ်တွေအတွက်တာဝန်ကျေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ချင်သလို မိသားစုအတွက်လည်း တာဝန်ကျေတဲ့ သား တစ်ယောက်ဖြစ်ချင်သူပါ။

ဒါကြောင့်လည်း သူဟာ ညီတွေနဲ့ပတ်သက်လို့ အစ်ကိုကြီး အဖအရာအနေနဲ့ ညီတွေဖြစ်ချင်တာ မှန်သမျှကို ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ အခုဆိုရင် လည်း ဂီတပိုင်းကို သွားချင်တဲ့အဂ္ဂါမိုးဝင်းကို ပံ့ပိုးပေးလျက်ရှိသလို ရုပ်ရှင်ပိုင်းကိုသွားချင်တဲ့ ညီအငယ်ဆုံးဖြစ်တဲ့ နေမိုးဝင်းကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။

ဇာတ်မကတော့ တဲ့ ညီဖြစ်သူအဂ္ဂါမိုးဝင်းရဲ့ ပရိသတ်တွေကိုလည်း ညီဖြစ်သူကိုခဏလေး စောင့်ဆိုင်းပေးပါလို့ တိုက်တွန်းစကားဆိုခဲ့ပါတယ်။

”ဂီတနဲ့ပတ်သက်လို့ သူသေချာထဲထဲဝင်ဝင် သွားလေ့လာနေတဲ့အချိန် မှာ ပရိသတ်တွေအနေနဲ့ စောင့်ဆိုင်းပေးဖို့လိုပါတယ်။ သူကလည်း သူ့ပရိ သတ်တွေအတွက် အကောင်းဆုံးပြင်ဆင်လာဖို့လိုတယ်။ ပရိသတ်ရော၊ အနုပညာရှင်ရောက သဟဇာတဖြစ်ဖို့ အရေးကြီးပါတယ်။ သူ့အနေနဲ့ လေ့လည်း လေ့လာသင့်ပါတယ်။ ဂီတလောကထဲကိုဒီအတိုင်း ဝင်သွားတာ ထက်စာရင် နားလည်တတ်ကျွမ်းပြီးဝင်သွားတာကပိုကောင်းလိမ့်မယ် ထင်တယ်။ ကိုယ်က နုတ်စ်တွေဘာတွေနားလည်နေမယ်ဆိုရင် ကိုယ်ပြောချင် တာတွေ ကိုယ်ပြင်ချင်တာတွေကို သူတို့ကိုပြောပြနိုင်သလို သူတို့ပြောပြတာ ကိုလည်း ကိုယ်ယူနိုင်မယ်။ ကိုယ်ကဘာမှမသိထားဘူးဆိုရင် သူတို့အကြံဥာဏ် ပေးလည်း ကိုယ်ယူနိုင်မှာမဟုတ်ဘူး။ အဲဒီအတွက် သူသွားပြင်ဆင်နေတာပါ။ ဘယ် အောင်မြင်မှုမျိုးမဆို အချိန်ပေးရပါတယ်” လို့ ပရိသတ်တွေအတွက် ဟန်ဇာမိုးဝင်းက ပြောခဲ့ပါတယ်။

ဘယ်အလုပ်ကိုပဲ ကြိုးစားကြိုးစားတစိုက်မတ်မတ်နဲ့ စိတ်ပိုင်းဖြတ် ပြီး အစဉ်အမြဲတွေးပြီး ကြိုးစားနေရင်အောင်မြင်မှာပါပဲလို့ ညီဖြစ်သူ အဂ္ဂါမိုးဝင်း ကို ဟန်ဇာမိုးဝင်းက ဆုံးမစကားဆိုခဲ့ပါသေးတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုးနှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့အား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက်(၆,၆၀၀)ခွက်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁ ဒသမ ၄၈၅)ဘီလီယံတမ်ဖိုးရှိ ဘိန်းဖြူ(၅၉ ဒသမ ၄)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းနှင့် လားရှိုးမြို့မှ မန္တလေးမြိုသို့ ပို့ဆောင်ရောင်းချသူမှာ...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်း ဆောင်ရွက်မည်

ထားဝယ်၊ ဩဂုတ်-၁၁ ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြစ်၏ ကမ်းလွန် ပင်လယ်ပြင်တွင် တည်ရှိကာ ရဲတံခွန်စီမံကိန်း လုပ်ကွက်ဖြစ်သည့် M-12, M-13, M-14 နှင့် ချိတ်ဆက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် M-15 စူးစမ်း ရှာဖွေရေး တွင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ က ကျင်းပသည့် မြန်မာ့ရေနံနှင့်...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရမည်

နေပြည်တော်၊ ဩဂုတ် ၁၁အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က တိုက်တွန်းပြောကြားလိုက်သည်။ ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ကာကွယ်တားဆီးရန် ပြောကြားခဲ့သည်။ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071