Tuesday, August 11, 2026

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀...

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည်...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15...

ထားဝယ်၊ ဩဂုတ်-၁၁ ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့်...
HomeNewsLocal Newsအဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရမည်

နေပြည်တော်၊ ဩဂုတ် ၁၁
အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က တိုက်တွန်းပြောကြားလိုက်သည်။

ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ကာကွယ်တားဆီးရန် ပြောကြားခဲ့သည်။

နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်တိုမှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ် စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းမှုများပြုလုပ်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ရှိတွင် အဆိုပါ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီကိုလည်း  ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀ ဟာ သတ်မှတ်စည်းကမ်းနှင့်မညီဟု ထိုင်းနိုင်ငံ စားသုံးသူများကောင်စီဆို

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က ထောက်ပြလိုက်ပါတယ်။ ဥပဒေအရဆိုရင် အမြင့် ၂၃ မီတာအထက် ဒါမှမဟုတ် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ထက်ကျော်တဲ့ အဆောက်အအုံတွေဆိုရင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ဝင်ထွက်နိုင်ဖို့ အဆောက်အအုံ ပတ်လည်မှာ အနည်းဆုံး ၆ မီတာ အကျယ်ရှိတဲ့ လမ်း ရှိကိုရှိရမှာပါ။ ပတ်လည်လမ်းတွေ ကျဉ်းနေမယ်ဆိုရင်...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိရှိလာ

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ စံချိန်တင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။​ကိုလံဘီယာ အနောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၄ ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၂ ယောက် သေဆုံးပြီး ၅၇၀ ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ မြို့တော်များ အသင်းက ပြောပါတယ်။​အရေးပေါ် ကယ်ဆယ်ရေး...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုးနှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့အား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက်(၆,၆၀၀)ခွက်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁ ဒသမ ၄၈၅)ဘီလီယံတမ်ဖိုးရှိ ဘိန်းဖြူ(၅၉ ဒသမ ၄)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းနှင့် လားရှိုးမြို့မှ မန္တလေးမြိုသို့ ပို့ဆောင်ရောင်းချသူမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071