မြန်မာနိုင်ငံ၏ ဝါ စိုက်ပျိုးမှုကဏ္ဍတိုးတက်စေရေးအတွက် အီဂျစ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် မြန်မာသံ အမတ်ကြီးဦးကျော်တင်ရှိန်နှင့် အီဂျစ်စိုက်ပျိုးရေးဝန် ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Dr. Saad Moussa ၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန(ARC)ဥက္ကဋ္ဌ (President) Professor Dr. Adel Abd-Elazim Al-Akhedar တို့ဆွေး နွေးခဲ့ကြသည်။
၎င်းတို့သည် သြဂုတ် ၉ ရက်နံနက် ၁၀ နာရီက ကိုင်ရိုမြို့၊ ဂီဇာမြို့နယ်ရှိ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ အီဂျစ်စိုက်ပျိုးရေးသုတေသနဌာန(ARC)တွင်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ဝါ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံအ ကျိုးရှိမည့် အခြား စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-အီဂျစ်နှစ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU)ပါ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရေးအတွက်ဖြစ်သည်။
