Tuesday, August 11, 2026

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀...

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည်...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက...

နေပြည်တော်၊ ဩဂုတ် ၁၁အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့...
HomeNewsLocal Newsတနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ်...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်း ဆောင်ရွက်မည်

ထားဝယ်၊ ဩဂုတ်-၁၁

ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြစ်၏ ကမ်းလွန် ပင်လယ်ပြင်တွင် တည်ရှိကာ ရဲတံခွန်စီမံကိန်း လုပ်ကွက်ဖြစ်သည့် M-12, M-13, M-14 နှင့် ချိတ်ဆက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် M-15 စူးစမ်း ရှာဖွေရေး တွင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ က ကျင်းပသည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် CFG Energy Pte., Ltd က ကမ်းလွန်လုပ်ကွက် အမှတ် (M-15) စူးစမ်းရှာဖွေရေး တွင်းတူးဖော်ခြင်းလုပ်ငန်းများ အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့်အခမ်းအနားမှ သိရသည်။

M-15 ကမ်းလွန်လုပ်ကွက် ရေနံ နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အစီအစဉ်၊ စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် ခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေး၊ စည်းရုံးရေး ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးရာ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း လည်း သိရသည်။

“ စူးစမ်းရှာဖွေရေး တွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက်ပါ အကျိုးပြုမှုများစွာဖြစ်ထွန်းမည့် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံ၏အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်နှင့် တိုးတက်ဖြစ်ထွန်းစေရန် ရှေးရှုပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀ ဟာ သတ်မှတ်စည်းကမ်းနှင့်မညီဟု ထိုင်းနိုင်ငံ စားသုံးသူများကောင်စီဆို

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က ထောက်ပြလိုက်ပါတယ်။ ဥပဒေအရဆိုရင် အမြင့် ၂၃ မီတာအထက် ဒါမှမဟုတ် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ထက်ကျော်တဲ့ အဆောက်အအုံတွေဆိုရင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ဝင်ထွက်နိုင်ဖို့ အဆောက်အအုံ ပတ်လည်မှာ အနည်းဆုံး ၆ မီတာ အကျယ်ရှိတဲ့ လမ်း ရှိကိုရှိရမှာပါ။ ပတ်လည်လမ်းတွေ ကျဉ်းနေမယ်ဆိုရင်...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိရှိလာ

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ စံချိန်တင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။​ကိုလံဘီယာ အနောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၄ ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၂ ယောက် သေဆုံးပြီး ၅၇၀ ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ မြို့တော်များ အသင်းက ပြောပါတယ်။​အရေးပေါ် ကယ်ဆယ်ရေး...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုးနှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့အား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက်(၆,၆၀၀)ခွက်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁ ဒသမ ၄၈၅)ဘီလီယံတမ်ဖိုးရှိ ဘိန်းဖြူ(၅၉ ဒသမ ၄)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းနှင့် လားရှိုးမြို့မှ မန္တလေးမြိုသို့ ပို့ဆောင်ရောင်းချသူမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071