Friday, June 27, 2025

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...

Peace Forum 2025 တတိယနေ့...

ငြိမ်းချမ်းရေး ဖိုရမ် တတိယမြောက်ရက် ဖြစ်သည့် ယနေ့  ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တာ်တွင် ဆက်လက်ကျင်းပနသည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိကော်မတီ နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊...
HomeCelebrities' Newsခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး...

ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး မေခလာ ဘယ်လိုမြင်သလဲ

လက်ရှိခေတ်ကာလမှာ သီချင်းဆိုပြိုင်ပွဲတွေ ခေတ်စားလာတာကတော့ မြန်မာနိုင်ငံဂီတလောကရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုပါပဲ။ သီချင်းဆိုပြိုင်ပွဲတွေကနေတစ်ဆင့် ဂီတလောကထဲကိုရောက်ရှိလာတဲ့ အဆိုတော်တွေကလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ မေခလာက ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“သီချင်းဆိုပြိုင်ပွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ ပြိုင်ပွဲတွေကနေ ထွက်ပေါ်လာတဲ့ Winner တွေက ရသင့်ရထိုက်တဲ့ Winner တွေဖြစ်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲတွေပေါ်လာကတော့ ကောင်းတယ်။ အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ငယ်တို့ အနုပညာလော ကမှာ Star တွေက အများကြီးပဲ။ ကောင်းကင်မှာလည်း Star တွေကအများ ကြီးပဲ။ ကောင်း ကင်ပေါ်မှာလည်း ကြယ်တွေမရှိရင် မလှဘူးလေ။ ဒီလိုပါပဲ။ အနုပညာ လောကမှာလည်း Star တွေ အများ ကြီးရှိရင် ပိုလှတာပေါ့။ Star တစ်ခုပေါ်လာတိုင်း အရင် Star တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူး။ သူ့နေရာနဲ့သူရှိပြီးသား။ အဲဒါကြောင့် ချစ်ငယ်ကဘယ်တော့မဆို အနုပညာ မျိုးဆက်သစ်တွေကိုကြိုဆိုတာ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့နော်။ တစ် ယောက်နဲ့တစ်ယောက် ဆိုးတူကောင်းဖက်တိုင်တိုင်ပင်ပင် လေးလေးစားစားနဲ့ သွားကြရင်တော့ကောင်းတာပေါ့။ အကြီးကလည်း အငယ်တွေကို လက်တွဲခေါ်၊ အငယ်တွေကလည်း လေ့လာသင်ယူ၊ ဆည်းပူး၊ ရိုသေလေးစားမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ အနုပညာပန်းခင်းကြီးပေါ့”လို့ ပြောပါတယ်။

ဂီတလောကပြောင်းလဲတိုးတက်လာမှုတွေနဲ့ပတ်သက်ပြီးလည်း မေခလာ ကို ဆက်လက်မေးမြန်းကြည့်တော့ …

“အရင် ချစ်ငယ်တို့ခေတ်တုန်းက အနုပညာအရ တိုးတက်မှုလည်းမရှိပါ ဘူး။ စက်ပစ္စည်းတွေအရလည်း အားနည်းပါတယ်။ ချစ်ငယ်တို့ ခေတ်တုန်းက တော့ စက်ပိုင်းဆိုင်ရာတွေရော၊ လေ့လာမှုတွေရော ဘာမှမရှိဘူး။ နားထောင် ရတာပဲရှိတယ်ဆိုတော့ အခုခေတ်လိုပြိုင်ပွဲတွေလည်းမရှိဘူး။ ကာရာအိုကေ တွေလည်းမရှိဘူး။ နည်းနည်းတော့ တိုးရတာခက်ခဲတယ်။ သို့သော်လည်း အဲဒီ ခေတ်တုန်းက အဆိုတော်တွေမများဘူးလို့တော့ထင်တာပဲ။ အခုခေတ်က တော့ အဆိုတော်တွေများလာတယ်။ အသံကောင်းတဲ့ အဆိုတော်တွေလည်း များလာတယ်။ အခုခေတ်ကွှု ခေတ်ဆိုတော့ စက်ပိုင်းဆိုင်ရာတွေ တအားကို တိုးတက်သွားပြီ။ အောင်မြင်မှုလည်းချက်ချင်းရတယ်။နောက်ပြီး ချက်ချင်း လည်း ပျောက်လွယ်တယ်။ အဲဒီလိုလေးတွေရှိတယ်ပေါ့နော်။ ပျောက်လွယ် တယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုး ကြောင့်ပါ။ ရေရှည်ရပ်တည်နေတဲ့ အဆိုတော်တွေလည်း အများကြီး ရှိပါတယ်”လို့ မေခလာက ပြောပြခဲ့ပါတယ်။

သတင်း

၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ (၁၄.၈) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၂.၄၇) ဘီလီယံ၊ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၂၇.၂၇) ဘီလီယံဖိုး ဆောင်ရွက်ခဲ့ကြောင်း...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ ပြောင်းပေးအပ်

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်းအတွင်းမှ မိသားစုဝင်များ၏ အိမ်ယာများပြန်လည်ထူ ထောင်နိုင်ရန် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး င လျင်ဒဏ်သင့်မိသားစုများအတွက် Mobile Toilet၊ ပန်ကာများ၊ Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ၊ ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် နေ့လည်စာထမင်းဘူးများကိုလည်းလှူဒါန်းခဲ့သည်။ အဆိုပါ ယာယီလူနေအိမ်လွှဲပြောင်းပေးအပ်ပွဲကို မန္တလေးမြို့တာဝန်ရှိသူများနှင့် မန္တလေးမြို့နေသူ များ၊...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)၏ မျက်နှာစုံညီအ စည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကာ မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရန် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန်လည်း နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြားတည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071