Saturday, April 25, 2026

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း တရုတ်...

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ယနေ့ ဧပြီ (၂၅)...

ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင်အကောင်အထည်ဖော်မည်ဖြစ်၍ ထားဝယ်သူ/ထားဝယ်သားများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်

ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင်အကောင်အထည်ဖော်မည်ဖြစ်၍ ထားဝယ်သူ/ထားဝယ်သားများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ဧပြီ ၂၄ ရက်တွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ကို မကြာခင်အကောင်အထည်ဖော်မည်ဖြစ်ရာ ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် အထူးစီးပွားရေးဇုန်တွင်စက်ရုံ၊ အလုပ်ရုံများပေါ်ထွန်းလာမည်ဖြစ်၍...
HomeInterviewsသူငယ်ချင်း နှစ်ယောက်ကြားမေ့မရနိုင်တဲ့ အမှတ်တရအကြောင်းပြောပြတဲ့ဝင်းသပြေထွန်း

သူငယ်ချင်း နှစ်ယောက်ကြားမေ့မရနိုင်တဲ့ အမှတ်တရအကြောင်းပြောပြတဲ့ဝင်းသပြေထွန်း

အနုပညာလောကထဲမှာ အနု ပညာမောင်နှမတွေ၊ အနုပညာညီ အစ်မတွေဆိုတာ သိပ်ကိုချစ်ခင်ကြတဲ့ သူတွေပါ။ သူတို့ဟာလုပ်ငန်းခွင်မှာ အနုပညာအလုပ် တွေ လုပ် ကိုင်ရင်း နေ့စဉ်ထိတွေ့ပြောဆိုနေ ကြသူတွေ ဖြစ်တဲ့အတွက်လည်း ခင်မင် ရင်းနှီးခဲ့ကြတာလည်းဖြစ် ပါတယ်။ ဝင်းသပြေထွန်းနဲ့ ဧကရီစုစံ တို့ နှစ်ယောက် ကတော့ ရွာဇာတ် လမ်းတွဲရိုက်ကူးခဲ့စဉ်ကစလို့ ခင်မင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ဟာ တစ် ယောက်နဲ့ တစ်ယောက်ညီအစ်မအ ရင်းတွေသဖွယ် ချစ်ခင်ခဲ့ကြပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖော်တွေ လည်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးသားခရီးတွေလည်း အများ ကြီး သွားဖြစ်ခဲ့ကြသလို ခရီး တိုင်းမှာလည်းအမှတ်တရ တွေများစွာရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပေါ်ပြူလာ အနေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလှပုံရိပ် လေးတွေကို ဓာတ်ပုံရိုက်ရင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းနှစ်ယောက်ကြားက အမှတ်တရ

အမှတ်တရကျန်ခဲ့တာက စိတ် မကောင်းစရာပါ။ စုက ညီမတို့ ဇာတ်နဲ့ သီချင်းလိုက်ဆိုတယ်။ ဖြစ်ချင်တော့ ပွဲရက်ကလည်းတိုးတယ်။ အဲဒီတော့စုနေလို့ရသေးလားလို့ မေးတော့သူက လည်းရတယ်ပေါ့။ ဒါပေမဲ့ အဲဒါက သူ့အတွက်ရော ကိုယ့်အတွက်ရောက ဘဝမှာဘယ် တော့မှမေ့မရနိုင်တဲ့ အမှတ်တရကြီး ဖြစ်သွားတယ်။ စိတ်လည်းမကောင်းဘူး။ ရန်ကုန်ပြန်မယ့် မနက် မှာတင် စုအမေကဆုံးသွားတာ။ ကိုယ့် သူ့ငယ်ချင်းမိခင်တစ်ယောက် ဆုံးပါးသွားတာကို ကိုယ်က နောက် ဆုံးအချိန်ကို မမီလိုက် သလို ဖြစ်တာပေါ့လေ။ ပြီးတော့စုအမေက နေမကောင်းဖြစ် ပြီးတော့ ဆုံးတာမျိုးလည်းမဟုတ်ဘူး။ ရုတ်တရက်ကြီး ဆုံးသွားတာဆိုတော့လေ။ သူလည်း ယူကျုံးမရဖြစ်တယ်။ ကိုယ်လည်း ဘယ်လိုမှ စိတ်မကောင်းဘူး။ အဲဒါ ကတော့ ဘယ်တော့မှ မေ့မရနိုင်တဲ့ အမှတ်တရပါပဲ။

အားကျရတဲ့အချက်

ရွာဇာတ်လမ်းတွဲစတင် ရိုက်ကူး ခါစက ဆိုရင် သူက ချောတယ်လေ။အဲဒီတော့ အားကျမိတယ်။ ကိုယ်က မိန်းကလေး ချောချောလေးတွေဆိုရင် ကြိုက်တယ်(ရယ်လျက်)၊ သူကအိုက် တင်ကအစ ကောင်းတယ်။ သူက လည်းအိုက်တင်နဲ့ ပတ်သက်လို့ သင်ပေးတယ်။

တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတူကြလား

တော်တော်များများကတော့ အကြိုက်ချင်းတူတာ များပါတယ်။ ချစ်သူရည်းစားက တော့အကြိုက်ချင်းမတူကြဘူး (ရယ်လျက်)၊ အဝတ်အ စားလည်းအကြိုက်ချင်းတူတယ်။ မြန်မာဆန်ဆန်ဝတ်တာလည်း တူတယ်။ မိန်းကလေးဆန် ဆန်ကြိုက် တာလည်းတူတယ်။ အစားအသောက်လည်း တူတယ်။ စိတ်ချင်းလည်းတူ တယ်။ သူငယ်ချင်းနှစ် ယောက်က မတူလို့ တအားညှိရတယ်ဆိုတာတော့သိပ်မရှိဘူး။

Ads Space Available


Continue reading

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations Cup (SNC) 2026 တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026 တွင် မြန်မာ့လက်ရွေးစင်အသင်းက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။ ​ဗီယက်နမ်နိုင်ငံ၊ Ho Chi Minh City ၌ မေလ(၈) ရက်မှ (၉)ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကစားသမားများက PUBG Mobile - Romeo, Marnett ၊ Teamfight Tactics (Women)...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး ဒေသထွက်ဖရဲများအပြင် တောင်ငူ၊ ပဲခူးနှင့် ဒိုက်ဦးဒေသများမှလည်း ဖရဲသီးများ ဝင်ရောက်ရောင်းချလျက်ရှိသည်။ ယခင်က ထိုဖရဲများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းစျေးကွက်ကိုသာ အဓိကထား ရောင်းချလာရကြောင်း သိရသည်။ ဖရဲရောင်းချသူတစ်ဦးက “အရင်ကတော့ အရောင်းမကောင်းဘူး၊ အခုတော့ ရာသီဥတုပူလာတော့ အေးစာဖြစ်တဲ့ ဖရဲသီးကို လူတွေ ဝယ်စားလာကြတယ်၊ အလုံးလိုက်ရောင်းတဲ့ဆိုင်တွေရော ခွဲစိတ်ရောင်းတဲ့သူတွေရော ရောင်းကောင်းလာပါတယ်”ဟု...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း တရုတ် (တိုင်ပေ) နှင့် ယနေ့ ခြေစမ်းမည်

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ယနေ့ ဧပြီ (၂၅) ရက် ညနေပိုင်းတွင် တရုတ် (တိုင်ပေ) အသင်းနှင့် လေ့ကျင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ပြိုင်ပွဲမစတင်မီ အသင်း၏ အရည်အသွေးကို စစ်ဆေးသည့်အနေဖြင့် ခြေစမ်းပွဲများ ဆက် တိုက်ကစားလျက်ရှိရာ၊ ဖိလစ်ပိုင် ယူ-၁၇ အသင်းနှင့် ခြေစမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် တရုတ် (တိုင်ပေ) အသင်းနှင့် ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယခုနှစ် အာရှယူ-၁၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071