ကိုစစ်နိုင်၊ သရုပ်ဆောင် သက်မွန်မြင့်တို့ရဲ့ သားလေး အားချစ် မွေးနေ့ အလှူ

0
244

ကိုစစ်နိုင်နဲ့ သရုပ်ဆောင် သက် မွန်မြင့်တို့ရဲ့ သား ‘အောင်ခေတ်’ခေါ် ‘အားချစ်’ရဲ့ ဧပြီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၃ နှစ်ပြည့်မွေးနေ့ အလှူအတွက် မွေးနေ့အကြို အလှူ များကို ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း က မှော်ဘီမြို့ အောင်ဇမ္ဗူ တောရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါ တယ်။ မွေးနေ့အလှူအဖြစ် အလှူ ငွေသိန်း ၅ဝ၊ သံဃာတော်များအတွက် သင်္ကန်း၊ သံဃာတော်၊ သီလရှင်၊ ယောဂီတို့အတွက် နေ့ဆွမ်း၊ အောင် ဇမ္ဗူကျောင်းတိုက်ကို လာရောက် ကြတဲ့ ဘုရားဖူးများအတွက် လက် ဖက်ထမင်း စတုဒိသာစသည်တို့ကို ကျွေးမွေးခဲ့ပါတယ်။ သားလေးရဲ့ မွေးနေ့အလှူနဲ့ပတ်သက်ပြီး မိခင် သက်မွန်မြင့်က …

”အရင်နှစ်တွေကတော့ ရပ် ကွက်ထဲမှာ စတုဒိသာကျွေးတယ်။ ဒီ နှစ်ကတော့ ခရီးသွားမှာဖြစ်လို့ ဒီနေ့ အလှူလေးလုပ်ပေးဖြစ်တယ်။ လှူ ဒါန်းတာတွေကတော့ ဂျပန်ဘုရားမှာ ဘုရားတည်ထားတာလေးက သက် မွန်အရစ်ကျလှူဒါန်းတဲ့သဘောပေါ့ နော်။ ဆရာတော်က စိုက်ပြီးတော့ တည်ပေးထားတာ။ အခုသားရဲ့ မွေး နေ့အတွက် ဆိုပြီးတော့လည်း အလှူ ငွေလေးထည့်ဖြစ်တယ်။ နေ့ဆွမ်းကပ် တယ်။ သူ့ရဲ့မွေးနေ့လေးကို အလှူ အတန်းလေးတွေနဲ့ ဖြတ်သန်းရတဲ့ အတွက် ဝမ်းသာမိပါတယ်။ သူက တော့ နှစ်တိုင်းကုသိုလ်ကောင်းမှု တွေနဲ့ ဖြတ်သန်းရတာများတယ်။ ဒီ ကောင်းမှုတွေအတွက်ကိုတော့ သူက ငယ်သေးတော့ နားမလည်သေးဘူး ပေါ့။ မိဘတွေအနေနဲ့ကတော့ ပီတိ ဖြစ်တယ်။ သားလေး ၃ နှစ်ပြည့်မှ စပြီး သူက ချူချာတာတော့ မဟုတ် ဘူး။ ဒါပေမဲ့ နေမကောင်းတော့ ဖြစ် တတ်တယ်။ အဲဒီအတွက် ကျန်းမာ ရေးကောင်းစေချင်တယ်။ စိတ်ချမ်း သာစေချင်တယ်။ ပညာတတ်စေချင် တယ်။ ပညာတတ်ဆိုတာမှာ အမှား အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာ တတ်မျိုးဖြစ်စေချင်တယ်။ ဘဝကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်း နိုင်ပြီး သာသနာအကျိုးကိုလည်း ဆ တက်ထမ်းပိုးထမ်းရွက်နိုင်တဲ့ သား လေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” လို့ သားလေးအတွက် မွေးနေ့မှာ ဆု မွန်တောင်းစကားလေး ပြောကြား ပေးခဲ့ပါတယ်။

သက်မွန်မြင့် တို့မိသားစုက သင်္ကြန်တွင်းကာလ မှာတော့စင်ကာပူနိုင်ငံကို မိသားစု လိုက်သွားရောက် အပန်းဖြေခဲ့ပါ တယ်။ ဒီခရီးမှာ သက်မွန်မြင့်က ရိုက်ကူးရေးအတွက်လိုအပ်တဲ့ အဝတ်အစားများကို ဝယ်ခဲ့သလို သားနဲ့ သမီးတို့ကို Zoo ကိုအလည် အပတ်လိုက်ပို့ခဲ့တယ်လို့ပြောပါ တယ်။ သူတို့မိသားစုက စင်ကာပူ နိုင်ငံကိုဧပြီလ ၁၂ ရက်နေ့က သွား ရောက်ခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါ တယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here