Home Movies ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်၊ EV ကားများကို ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင် ရွက်ရန် နိုင်ငံတော်သမ္မတတိုက်တွန်း

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်၊ EV ကားများကို ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင် ရွက်ရန် နိုင်ငံတော်သမ္မတတိုက်တွန်း

0
72

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်၊ EV ကားများကို ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင် ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၃ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောကြားခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံနှင့် အကိုက်ညီဆုံးလုပ် ငန်းဖြစ်၍ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေးအတွက် တိုင်းရင်းသားလုပ် ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်သွားရန် မှာကြားသည်။

” ပြည်ပကတင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးကလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တာကြောင့် မြန် မာနိုင်ငံမှာလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားတွေ လုံ လောက်အောင်ထုတ်လုပ်နိုင်ဖို့ ကျောက်မီးသွေးဓာတ် အားပေးစက်ရုံတွေတည်ဆောက်နိုင်ဖို့ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် လျှပ်စစ်စွမ်းအင်သုံး EV ကားများကို ပြည်တွင်း ၌ အစမှအဆုံးထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန်၊ လျှပ်စစ်စွမ်းအင်သုံးကုန်တင်ယာဉ်များ၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင် ရွက်ရန်လည်း မှာကြားသည်။

ထို့အတူ လျှပ်စစ်ဓာတ်အားများ တရားမဝင်ရယူသုံးစွဲနေမှုများကို ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ စနစ်တကျဖြစ်စေရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ရန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအပြည့်အဝလည်ပတ်နိုင်ရေးဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here