ကုသိုလ်ရေးအတွက် နေ့စဉ်နေ့တိုင်း အချိန်သုံးနာရီပေးတယ် Rဇာနည်

0
215

အဆိုတောRဇာနည်က အဆို ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိတာကို သိကြပေမယ့် ပရိသတ်တွေမသိသေး တဲ့ နေ့စဉ်နေထိုင်မှုမှာတော့ ဘာ သာရေးကိုလည်း တစိုက်မတ်မတ် လုပ်ဖြစ်သူတစ်ယောက်ပါ။ နေ့စဉ် နေ့တိုင်း တခြားလုပ်ငန်းဆောင်တာ တွေကိုပြုလုပ်ရင်း ကုသိုလ်ရေးအလုပ် တွေကို တွဲပြီးလုပ်ဖြစ်တာအချိန်အ တော်ကြာပြီလို့လည်းRဇာနည်က ဆို ပါတယ်။ ကုသိုလ်ရေးကို Rဇာနည် ဘယ်လို တစိုက်မတ်မတ်ပြုလုပ်ဖြစ် သလဲဆိုတော့ –

”နေ့စဉ်နဲ့အမျှ ဆရာတော်ဘုရား ကြီးတွေ သွန်သင်ဆုံးမတဲ့ အတိုင်းပဲ ဘုရားရှိခိုးတယ်၊ ဂါထာတော်တွေ ရွတ်တယ်၊ ပုတီးစိပ်တယ်။ ဒါကိုပဲ ကျွန်တော့်ရဲ့ တစ်နေ့တာမှာနေ့စဉ် အချိန်နှစ်နာရီကျော်သုံးနာရီလောက် အချိန်ပေးရတယ်။ မနက်နိုးနိုးချင်း တော့ ဘုရားရှိခိုးတယ်။ ကျန်တာ တွေကို သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ်၊ ကလေးကျောင်းပို့ ကျောင်းကြိုလုပ်ရင်း နဲ့ပဲဖြစ်ဖြစ် လုပ်ဖြစ်တာများပါတယ်။ ဘုရားရှိခိုးပြီးတာနဲ့ မေတ္တသုတ်၊ သမ္ဗုဒ္ဓေ၊ ဓိဝါတပ္ပတိ၊ မဟာသမ္မယ သုတ်တို့၊ ဂုဏ်တော်ကွန်ချာ၊ ပဋ္ဌာန်း အကျဉ်းတို့ကိုရွတ်တယ်။ ပုတီးစိပ်ရင် လည်းမျိုးစုံတော့ စိပ်ဖြစ်ပါတယ်။ အရဟံသိဒ္ဓိဘဂဝါအောင်ကို စိပ်ဖြစ် တယ်။ တခြားဂုဏ်တော်ပုတီးလည်း စိပ် ဖြစ်ပါတယ်။ ကျွန်တော်အစ ကတော့ အဓိဋ္ဌာန်နဲ့ရွတ်တယ်။ နောက်ပိုင်းရွတ်ရင်းရွတ်ရင်းနဲ့ အဓိ ဋ္ဌာန်ပြီးသွားတော့လည်း ဆက်ပြီး တော့ရွတ်ဖြစ်နေ တာပါ။ ပြီးရင်တော့ အားလုံးကို မေတ္တာပို့အမျှဝေပါ တယ်”လို့Rဇာနည်ကဆိုပါတယ်။

Rဇာနည်က ဖေဖော်ဝါရီလမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာလည်း ဦးကောဝိဒဘွဲ့အမည်နဲ့ ရဟန်းဝတ် ကုသိုလ်ပြုခဲ့ပါသေးတယ်။ တဖြည်း ဖြည်း အသက်အရွယ်ကြီးလာတဲ့အ လျောက် အရင်က လွတ်လွတ် လပ်လပ်နေတဲ့ စိတ်ကိုလည်းထိန်း ချုပ်လာနိုင်တယ်ဆိုတဲ့Rဇာနည်က –

”ပုံမှန်လည်း မိသားစုအလှူ လေးလုပ်ဖြစ်တယ်ဆိုပေမယ့် သား ငယ်လေးချစ်ချစ်တုန်ကို ကိုယ်ဝန်ရှိ တဲ့အချိန် မွေးဖွားတဲ့အချိန်မှာ ကျွန် တော်ကပိုပြီးလုပ်ဖြစ်တယ်။ သားငယ် လေးမမွေးခင်က ကောင်းကောင်းမွန် မွန်လေးမွေးဖွားအောင်ဆိုပြီး အဓိ ဋ္ဌာန်တာမျိုးရှိတယ်။ မိသားစုထီး တင်တယ်။ ကိုယ်တိုင်လည်း ဘုန်းကြီး ထပ်ဝတ်ဖြစ်တယ်။ အရင်ကတော့ စိတ်လွတ်ကိုယ်လွတ်နေဖြစ်တယ်ဆို ပေမယ့် အခုသားနှစ်ယောက်ရဲ့ ဖခင်လည်းဖြစ်လာတော့ ကိုယ့်ရဲ့စိတ် ကိုပိုပြီးထိန်းချုပ်လာနိုင်တာတွေရှိပါတယ်။ အဓိကကတော့ အားလုံး ကောင်းဖို့ စိတ်ထဲမှာမှတ်ပါတယ်။ ဘာသာရေးလုပ်တယ်ဆိုတာကတော့ အသက်ကြီးငယ်မရွေးလုပ်သင့်ပါတယ်။ ဒါမှလည်း အသက်ကိုဥာဏ်စောင့်ဆို သလိုပါပဲ။ ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်ဆိုတာ ကတော့ အကောင်းဆုံးပါပဲ”လို့Rဇာနည်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here