
‘ဒီနေ့မနက် ကိုမိုးကျော်အောင် ရွဲျ့ငေည ကဖီးမှာ ဗိုဂျီး(မောင်သင်း ခိုင်)၊ ကိုမိုးကျော်အောင်၊ ကိုအောင်နှင်း သစ်နဲ့ ကျွန်တော်တော်တို့ဂျပန် ဟိုက္ကုကဗျာအကြောင်း စကားစပ်မိ ရင်းပြောဖြစ်၊ ဆွေးနွေးဖြစ်ခဲ့ကြ။ဟိုက္ကုအကြောင်းပြောရင် မပါမဖြစ် ကတော့ ဂျပန်ဘုန်းတော်ကြီး’ဗရှိုး’ ရဲ့ ကမ္ဘာကျော်ဟိုက္ကုကဗျာ ‘အိုင်အို ကြီး’ပါပဲ။ ဂျပန်နိုင်ငံဟာ ဇင်ဗုဒ္ဓဘာ သာထွန်းကားတဲ့နိုင်ငံပါ။
ဇင်ဟာ ပစ္စုပ္ပန်တည့်တည့်ကိုပဲရှုမှတ်တဲ့ဘာသာဖြစ်တဲ့အားလျော်စွာဘုန်း တော်ကြီး ‘ဗရှိုး’ ဟာလည်း ပစ္စုပ္ပန် တည့်တည့်ကိုပဲရှုမှတ်ခဲ့မှာပါ။
‘ဗရှိုး’ဟာဂျပန်ပြည်တောတောင် အနှံ့လှည့်လည်တရားအားထုတ်ခဲ့မှာ ပါ။တစ်ခါမှာတော့ သူ့ကျောင်းသင်္ခမ်း နားလှည့်ပတ်စင်္ကြံလျှောက်နေကြ နေရာတစ်ခုမှာ ဖားလေးတစ်ကောင် က ခုန်ချလိုက်တဲ့အခါ ‘ပလုံ’ဆိုပြီး ရေရဲ့အသံကိုကြားလိုက်ရပါတယ်။မူရင်းဂျပန်ဘာသာမှာလည်း ‘မိဇူ နော့အော့တော့’ ရေရဲ့အသံလို့ရေး ဖွဲ့ထားတာပါ။ အဲဒီတော့မှ’ဗရှိုး’လည်း သူကာလရှည်ကြာ ချုံနွယ်ပိတ်ပေါင်း ကြီးတစ်ခုလို့ ထင်မြင်ထားတာဟာ မဟုတ်ဘဲ ရေအိုင်အိုကြီးတစ်ခုဖြစ် နေမှန်း သိရှိလင်းပွင့်(ဆာတိုရီ)သွား ခဲ့ပြီး ဒီကမ္ဘာကျော်’အိုင်အိုကြီး’ဟိုက္ကု ကဗျာကိုရေးဖွဲ့မှတ်တမ်းတင်ဖြစ်ခဲ့ တယ်လို့ ယူဆရပါတယ်။ ဒီကဗျာကို ဆရာကြီးမင်းသုဝဏ်အစ၊ ဆရာရဲမြ လွင်အဆုံး တော်တော်များများ ဘာသာပြန်ဆို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကို ဖော်ပြရရင် ‘ အိုင်အိုကြီးပါလား အလိုရွှေဖါး ခုန်ဆင်းသွား ‘ပလုံ’ မြည်သံကြား။ ဂျပန်ဟိုက္ကုကဗျာတွေကို ဝဏ္ဏ ၅ ၊ ၇ ။၅ ပုံသဏ္ဌာန်အဆုံးကာရန်ညီနဲ့ ရေးဖွဲ့လေ့ရှိကြပါတယ်။ အဲဒီမှာ ရာသီ ပြတစ်ခုခုပါလေ့ရှိပြီးရူပကအလင်္ကာကာကိုမသုံးစွဲဘဲ ပစ္စုပ္ပန်တည့်တည့် ကိုပဲ အလင်းပွင့်(ဆာတိုရီ)ရတာပါ။ဟိုက္ကုကဗျာရဲ့အသက်ဟာ လင်းပွင့်မှု (ဆာတိုရီ)ပါပဲ။ ဆရာကြီးမင်းသုဝဏ် ဘာသာပြန်ခဲ့တဲ့အထဲက တစ်ပုဒ်ကို တင်ပြရရင် …
‘ ပန်းလှကန်စွန်းနွယ် ရေငင်ပုံးကြိုး သူတက်တွယ် ရေကို တောင်းရှာတယ် ‘ ဟိုက္ကုကဗျာတစ်ပုဒ်ရရှိဖို့ဆို တာ တော်တော်ခက်ခဲပါတယ်။ လွန် ခဲ့တဲ့ ၁၅ နှစ်လောက်က ရင်းနှီးတဲ့က ဗျာဆရာတစ်ယောက်က သူ့ဟိုက္ကု ကဗျာတစ်ပုဒ်ကို ကျွန်တော့်ကို ရွတ် ပြဖူးပါတယ်။ ‘ချုပ်ညမှောင်ရီသွေး မြို့အစွန်က တဲအိမ်လေး မီးခိုးမထွက်သေး ‘ ဒီကဗျာဟာ ဟိုက္ကုမဖြစ်ပါဘူး။သူ့ကဗျာမှာ ထမင်းအိုးမတည်ရသေး တဲ့မိသားစုလေးကို ဂရုဏာသက် စိတ်ပါနေပါတယ်။ (အဲဒီကဗျာဆရာ တောင် သူ့ကဗျာသူမေ့နေလောက် ပါပြီ။)ဒီနေ့ခေတ်မှာဟိုက္ကုဆိုပြီးရေးနေကြတာတွေကို င်္ပြေါ်မှာ တွေ့ တွေ့ နေရလို့ ဒါကိုရေးဖြစ်တာပါ။ဆရာကြီးလုပ်ခြင်းမဟုတ်ပါ ။မနက် ကဗိုဂျီးကို’တန်က’ကဗျာတွေဘာသာပြန်ဖို့တိုက်တွန်းခဲ့ပါတယ် ။ ကျွန်တော်တော်လည်းဟိုက္ကု ပုံ သဏ္ဌာန်ကဗျာတွေအများကြီးရေးဖွဲ့ ခဲ့ဖူးပါတယ်။ အဲဒီထဲက ကိုယ့်ကိုယ် ကိုယ် ဟိုက္ကုဖြစ်တယ်လို့ယူဆမိတဲ့ ကဗျာကိုဖေါ်ပြလိုက်ပါတယ်။ ဟိုက္ကု ကဗျာတွေဟာ ခေါင်းစဉ်မရှိ ပါဘူး။ မှတ်သားရလွယ်ကူအောင် ခေါင်းစဉ် တပ်ကြတဲ့သဘောပါပဲ ။ေ ဆာ င်း မီးပုံရှို့မရ သစ်ရွက်ခြောက်များ နှင်းစိုမြ တစ်ဆောင်းရောက်ပြန်ပါ့။
ချောဘသစ်
