Wednesday, April 29, 2026

ရက် (၁၀၀) အတွင်း “လမင်းစီမံချက်”...

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၎င်းစီမံချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း...

သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်

အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Commnication Skill၊...

ဟိုတယ်ခရီးသွားပြည်ထောင်စုဝန်ကြီးနှင့် ရုရှား စီးပွားရေးသံမှုးတို့ တွေ့ဆုံ

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး ဆွေးနွေး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့်...

ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei...

မြန်မာ-ရုရှား နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး ဆွေးနွေး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး...
HomeMoviesမန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံအဝင်နည်းသော်လည်း ဈေးကွက်လှုပ်ရှားမှုသွက်၊...

မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံအဝင်နည်းသော်လည်း ဈေးကွက်လှုပ်ရှားမှုသွက်၊ ဈေးနှုန်းအပြောင်းအလဲများရှိ

ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်၌ မြေပဲဆံများ အဝင်နည်းပါးနေသော်လည်း အရောင်းအဝယ်သွက်လက်နေကြောင်း ကုန်သည်များထံမှ သိရသည်။

S1 လုံးဆံ တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ် ၁၁၈၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၅၀၀ ဖြစ်ခဲ့သဖြင့် ကျပ် ၃၀၀ ခန့် ဈေးမြင့်တက်လာသည်။ သို့သော် ယခင်လက ကျပ် ၁၂၅၀၀ ရှိခဲ့သဖြင့် လစဉ်နှိုင်းယှဉ်ရာတွင် ကျပ် ၇၀၀ ခန့် ဈေးကျဆင်းနေသည်။

S1 ဆီဆံမှာ တစ်ပိဿာ ကျပ် ၁၁၅၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၃၀၀ မှ ကျပ် ၂၀၀ ခန့် မြင့်တက်လာခဲ့သည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

အနီလုံးဆံမှာ ယခင်တစ်ပတ်နှင့် တူညီသည့် တစ်ပိဿာ ကျပ် ၁၁၃၀၀ ဖြင့် ဈေးငြိမ်နေပြီး ယခင်လက ကျပ် ၁၁၅၀၀ ရှိခဲ့သဖြင့် ကျပ် ၂၀၀ ခန့် ဈေးကျဆင်းလာသည်။

ပြန့်လုံးဆံမှာ ယခုတစ်ပတ် တစ်ပိဿာ ကျပ် ၁၁၅၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၂၀၀၀ နှင့် ယခင်လက ကျပ် ၁၂၃၀၀ ရှိခဲ့သဖြင့် တစ်ပတ်အတွင်း ကျပ် ၅၀၀ ခန့်နှင့် တစ်လအတွင်း ကျပ် ၈၀၀ ခန့် ဈေးကျဆင်းလာကြောင်း တွေ့ရသည်။

ပြန့်ဆီဆံမှာ တစ်ပိဿာ ကျပ် ၁၁၀၀၀ ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၁၃၀၀ နှင့် ယခင်လက ကျပ် ၁၁၈၀၀ ရှိခဲ့သဖြင့် တစ်ပတ်အတွင်း ကျပ် ၃၀၀ ခန့်နှင့် တစ်လအတွင်း ကျပ် ၈၀၀ ခန့် ဈေးကျဆင်းလာကြောင်း သိရသည်။

ကုန်သည်များ၏ ပြောကြားချက်အရ မြေပဲဆံအဝင်နည်းပါးနေသော်လည်း ဝယ်လိုအားဆက်လက်ရှိနေသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်နေဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက် (၁၀၀) အတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားကတ်နှင့် Unique ID ကို အရှိန်အဟုန်မြှင့် ထုတ်ပေးမည်နိုင်ငံသားတစ်ဦးချင်းစီအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Unique ID (UID) နံပါတ်များကို ရက်ပေါင်း (၁၀၀) အတွင်း အပြီးအစီး ထုတ်ပေးနိုင်ရန် “လမင်းစီမံချက်” ကို...

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၎င်းစီမံချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရရှိသေးသူများနှင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်အညီ နိုင်ငံသားကတ် ထုတ်ပေးခြင်းအပြင် e-ID စနစ်အတွက် Unique ID ကောက်ယူခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်း သို့မဟုတ် မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးသွားသူများအတွက် ဝန်ကြီးဌာနဝန်ထမ်းများက မြို့နယ်ရုံးအချင်းချင်း...

သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်

အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ကာ မိမိနိုင်ငံ၏ မူလရပ်တည်ချက်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှုဖြစ်ပြီး Commnication Skill၊ Language Skill၊ Negotiation Skill များ တိုးတက်စေရန် အစဉ်လေ့လာ ဆည်းပူး၍ မြှင့်တင်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ပြောသည်။ ယမန်နေ့ က မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောချိန် ပြည်ထောင်စုဝန်ကြီး ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ကိုယ်စားပြုသည့်အတွက် စောင့်ထိန်းရမည့်ကျင့်ဝတ်များကို...

ဟိုတယ်ခရီးသွားပြည်ထောင်စုဝန်ကြီးနှင့် ရုရှား စီးပွားရေးသံမှုးတို့ တွေ့ဆုံ

နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး ဆွေးနွေး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာပါအချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာမှုတိုးမြှင့်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071