အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ ၂၇ ရက်က မကွေးမြို့၌ စတင်ဖွင့်လှစ် သင်ကြား ပေးနေသည်။
သင်တန်း၌ သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ ၂၅ ဦး တက်ရောက်နေပြီး သင်တန်းကာလ ၅ ပတ်ကြာမြင့်မည် ဖြစ်သည်။
သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကာ လေကြောင်းသိပ္ပံ ဘာသာရပ်များနှင့် ပတ်သက်သည့် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်သည်ဟုလည်း သိရသည်။
ထိုနည်းတူ အခြေခံ လေကြောင်းလူငယ်သင်တန်းများကို ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးရှိ လေတပ်စခန်း ဌာနချုပ်များ အပြင် လွိုင်ကော်၊ မုံရွာ၊ ကျိုင်းတုံ၊ ကိုကိုးကျွန်း၊ ပြည်၊ မော်လမြိုင်နှင့် တောင်ကြီး သင်တန်းစခန်းတို့တွင်လည်း တပြိုင်တည်း ဖွင့်လှစ်သင်ကြားပေးနေသည်။
