အတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင် ကွမ်းသီးအကြောင်း ပြောပြတဲ့ ဦးမေတ္တာ

0
235

တစ်ချိန်သော ကာလက မေတ္တာနဲ့ ကွမ်းသီး ဆိုရင်သိပ်ကို အတွဲ ညီလှတဲ့ လူရွှင်တော်၊ ဟာသသရုပ်ဆောင်တွေ အဖြစ် ပရိသတ်တွေ အမှတ် ရနေကြမှာပါ။ တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကြောင့် ကော၊ သူတို့နှစ်ဦးရဲ့အတွဲညီလှတဲ့ သရုပ်ဆောင်မှု တွေကြောင့်ကော အောင်မြင် ကျော်ကြားခဲ့ကြတာ ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံ မှုနဲ့ ပတ်သက်လို့ ဦးမေတ္တာက အခုလို ပြန်လည်ပြောပြတာက

“ပန်းဆိုးတန်းလမ်းထိပ်လေးမှာပေါ့။ ကျွန်တော် စာရေးပါတယ်တဲ့။ တောင်ငူ ရွှေကွမ်းပါတဲ့။ နာမည်အရင်း ကတော့ မြင့်စိုးပါတဲ့။ ကျွန် တော်ကိုသိန်းဇော်တို့ ဇာတ်မှာကပါတယ်ပေါ့။ သူ့နာမည်က လူရွှင် တော် ကွမ်းသီးပါပေါ့။ ဒီနာမည်က ဘဘစိန်အောင်မင်း ပေးတာပေါ့။ ကျွန်တော်က ပြောပါဆိုတော့ ကျွန်တော် ဝဇီရာပြဇာတ်မှာ ကချင်တယ် ဗျာတဲ့။ ကျွန်တော့်ကိုပြောပေးပါလားတဲ့။ ကျွန်တော်က နှုတ်နဲ့ ပြောပေးရမှာလေ။ အပန်းကြီးတာမှ မဟုတ်ဘဲ။ ဘဘ သူကလူရွှင်တော် တစ်ယောက်ပါ။ မန္တလေးသိန်းဇော် အဖွဲ့နဲ့ ကပါတယ်လို့ပြောပေးဖြစ် တယ်။ ဘဘရယ်လို့ အပန်းမကြီးဘူး ဆိုရင်တော့ ခေါ်ပါလို့။ သူက ဇာတ်ခုံ ပေါ်မှာ ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ ဘဘကိုပြောပေးဖြစ် တယ်။ အဲဒီမှာ “ယောက္ခမရိုသေ အသက်ရှည်” မှာစပြီးတော့ကပြဖြစ်တယ်။ ကိုကွမ်း သီးရဲ့ စကားလုံးတစ်လုံးရှိတယ်။ “ငွေရေးကြေးရေး ခြေသလုံးမွှေး”ဆိုတဲ့ စကား လုံးကျန်ခဲ့တယ်။ “မိုမိုကွမ်း” ဆိုတာသူတစ်ယောက်တည်းလုပ်ခဲ့တယ်။ အဲဒါ ကျန်ခဲ့တယ်။ နောက်သူနဲ့ ကျွန်တော်နဲ့ “မိုမိုကွမ်းနဲ့ ချွန်တွန်း” ဆိုပြီးတော့ “အမေ့ချွေးမလှလှလေး”မှာ ကျွန်တော် က ရှူဆေးဘူးကြီး နဲ့ သူကဂါဝန် စကပ်နဲ့ အဲဒါမျိုး ကျန်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် တွဲပြီးတော့ အဆင်ပြေပြီ ဆိုတဲ့ အချိန်မှာ ကိုမြတ်သူက ကျွန်တော်တို့ နှစ်ယောက်နဲ့ ရုပ်ရှင်ရိုက်မယ် လို့ပြောတယ်။ ကွမ်းသီးလည်း ဇာတ်လမ်းရေးပါလား ဆိုတော့ ကျွန်တော်တို့က အဲဒီအချိန်တုန်းက ဟိုတစ်လုံးဒီ တစ်လုံးရေးနေတဲ့ ကောင်တွေပေါ့။ သူလည်းရေး၊ ကျွန်တော်လည်းရေးပြီး ရိုက်ကူးဖို့ စီစဉ် လိုက်ကြတယ်။ “မော်တာပန်ကာ” ဆိုပြီး ရိုက်လိုက်တယ်။ အောင်မြင်ခဲ့ကြတယ်။ အောင်မြင်တယ် ဆိုတာကလည်း “မော်တာပန်ကာ” ကိုရိုက်ပြီးပြီးချင်း အောင်မြင်တာမဟုတ်ဘူး။ “မော်တာ ပန်ကာ”ကို ရိုက်ကူးပြီးတော့ လိုက်ရောင်းတာ ဘယ်သူမှဝယ်မယ့် လူမရှိဘူး။ ဒါမှန်သော စကားပဲ။ အဲဒီ အချိန်မှာပြဇာတ်တွေကို ဒိုင်ခံဝယ်တဲ့ လူရှိတယ်။ အဲဒါကစိန်ဌေး ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေး ကကိုဝင်းကြည်ပဲ။ ဒီဇာတ်ကို ဝယ်ပေးပါ ဆိုပြီးတော့ တောင်းတောင်းပန်ပန် နဲ့ ပြောလိုက်တော့ အဲဒီဇာတ်ကားက ပေါက်သွားတာ သိန်းပေါင်းကို ရာချီပြီးရခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ အနုပညာ အလုပ်လုပ်ခဲ့တာပေါ့။ ပြီးတော့ “အေရိုးဗစ်ဖူးစာ” ဆိုပြီးတော့ နှစ်ယောက် ရိုက်ကူးခဲ့ကြ တယ်။ ဒါကတော့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းပါပဲ” လို့ ပြောပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ တအားကောင်းတဲ့ သူငယ်ချင်းဖြစ်သူ ကွမ်းသီး ကွယ်လွန်သွား တဲ့အချိန်မှာတော့ သူ့အနေနဲ့ အလွန်ပဲ နှမြောတသဖြစ်ခဲ့ရတယ်လို့လည်း ဦးမေတ္တာကပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here