‘တစ်နေ့မှာ မောင့်ကို အဲဒီအကြောင်းတွေ ပြောပြရဦးမယ်’ ဇာတ်ကားရိုက်ကူး

0
216

Khin-san-win

ဇာတ်လမ်း ခင်စန်းဝင်း၊ နိုရာဆောင်း၊ ဇာတ်ညွှန်း နိုရာဆောင်းတို့ ရေးသားထားပြီး ဒါရိုက်တာ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) ရိုက်ကူးပုံဖော်တဲ့ ‘တစ်နေ့မှာ မောင့် ကို ပြောပြရဦးမယ်’ ဗီဒီယိုဇာတ်ကား စတင်ရိုက်ကူးခြင်း စာနယ်ဇင် မိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ ၉ ရက်နေ့၊ နေ့လယ် ၁ နာရီ အချိန်က Orchid Hotel  မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဇာတ်ကားမှာ အေးချမ်းမောင်၊ ခင်စန်းဝင်း၊ စင်ဒီမြတ်၊ သြဇာအစရှိတဲ့ အနုပညာရှင်ပေါင်းများစွာတို့နဲ့အတူ ရိုက် ကူးပုံဖော်နေပါတယ်။ ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ နိုင်မျိုးထွန်း က….

” ရိုက်ကူးရက် ၁ပတ်၊ ၁ဝရက်လောက် ရိုက်ကူးဖို့ မှန်းထားတာ Professional Actor တွေ မဟုတ်တဲ့အခါကျတော့ မကြီးစန်း ကိုယ်တိုင် ကလည်း ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်နေရ တဲ့အခါကျတော့ တခြားဇာတ်ကားတွေလောက် မလွယ်တဲ့အခါမှာ အချိန်နည်းနည်းတော့ စောင့်ရမယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးတော့ အကုန်လုံးက Professional Actor တွေ မဟုတ်တဲ့အခါကျတော့ သူတို့တွေ အကုန် လုံးနဲ့ အပင်ပန်းခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here