Home Movies ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးပြတ်တောက်နေ

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးပြတ်တောက်နေ

0
73

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ထိုသို့ လဲပြိုကျမှုကြောင့်  ၁၁ ကေဗွီ လပခဖီဒါဓာတ် အားလိုင်း၏ လကတ( ၃၀၂၇ )အနီးရှိ (၁၀)မီတာကွန် ကရစ်တိုင်(၇)တိုင်ကျိုး၍ (၂)တိုင်ယိုင်နဲ့ကာ လျှပ်စစ်မီးများပြတ်တောက်နေသဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန် ထမ်းများက ​အမြန်ဆုံးပြုပြင်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here