ဝိုင်းလမင်းအောင်ရဲ့ ကျောင်းဖွင့်ချိန် ရင်ခုန်သံ

0
152

winelm

ဇွန်လ ၁ ရက်နေ့ဆိုရင်တော့ ကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ မေလ ၂၅ ရက်နေ့က စတင်တဲ့ ကျောင်းအပ်လက်ခံချိန် မှာတော့ ကျောင်းသူ၊ ကျောင်းသားကလေး ငယ်တွေအတွက် ပညာရည်နို့သောက်စို့ဖို့ တက်ြ<ွကစွာကျောင်းအပ်နှံကြတဲ့ မြင်ကွင်းကလည်း ကြည်နူးစရာအဖြစ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ကျောင်းဖွင့်ရာသီကျောင်းစတင် တက်ရောက်ရချိန် အထက်တန်းကျောင်းသားဘဝက အရမ်းပျော်ခဲ့ရတယ်လို့ ဆိုလာသူကတော့ မြန်မာသံတေးသံရှင် အဆိုတော် ဝိုင်းလမင်းအောင်ပါ။

” ကျောင်းသား၊ ကျောင်းသူတွေ ဒီအချိန်ဆို အရမ်းပျော်ကြတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုလည်း အရမ်းပျော်ခဲ့ဖူးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ နွေရာသီ ကျောင်းပိတ်ရက် တစ်လျှောက်လုံး နားခဲ့တယ်။ ကျွန်တော်တို့ဆို ချောင်းသာတို့၊ ဘာတို့တွေ ထွက်ပေါ့။ အဲဒီကနေ ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ စာအုပ် တွေ အသည်းအသန်ဝယ်။ သူငယ်ချင်းတွေဆီ ဖုန်းတွေလှမ်းဆက် ပေါ့။ ဘယ်နေ့ ကျောင်းအပ်မလဲပေါ့။ ဆရာ၊ ဆရာမတွေဆီလည်း ကျောင်းတက်ရတော့မယ်ဆိုတော့ ဘယ်အခန်းရလဲစသည်ဖြင့် ဖုန်းဆက်ပေါ့။ အရမ်းကို ပျော်ရွှင်တက်ြ<ွကပြီးတော့ပေါ့နော်။ ၇တန်း၊ ၈တန်းလောက်ကျတော့ ပိုပြီးတော့ သိသာသွားတာပေါ့။ ကျောင်းကို ပျော်လာတယ်။ ၉တန်း၊ ၁ဝ
တန်းလောက်ရောက်တော့ မခွဲချင်တော့ဘူး။ အဲဒီလိုဖြစ်သွားတယ်” လို့ ဝိုင်းလမင်းအောင်က ကျောင်းဖွင့်ချိန်မှာ သူကြည်နူးပျော်ရွှင်ခဲ့ရတဲ့ ခံစားမှုကို ပြောပြပါတယ်။ ဝိုင်းလမင်းအောင်က သူငယ်တန်းကနေ လေးတန်းအထိ (မူလတန်း)မှာ အထက ၃ ဗိုလ်တထောင်မှာ တက်ရောက်ခဲ့ပြီး ၅တန်းကနေ ဆယ်တန်းအောင် တဲ့အထိ အထက ၂ ကမာရွတ်မှာ ပညာသင်ကြားခဲ့တယ်လို့ သိရပါတယ်။ ကျောင်းပညာရေးသာမက ဆိုကရေးတီး အပါအဝင် ဂီတပိုင်း မှာပါ ကြိုးစားခဲ့တဲ့ ဝိုင်းလမင်းအောင်က သူ့ရဲ့ဂီတနဲ့ ပညာရေးကို မျှတစွာ အချိန်သုံးစွဲဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြောကြားရာမှာတော့ “အနုပညာလုပ်ရင်း ကျောင်းစာလုပ်ချိန်မှာတော့ အရင်က တစ်ဘက်စွန်းလုပ်ခဲ့ချိန်မှာပေါ့။
ဂီတဆိုလည်း ဂီတဘက်ကိုပဲ သွားလုပ်လိုက်တယ်။ အဲဒီအခါကျရင် ကျောင်းစာက ပျက်သွားရော။ ပြီး လည်း သွားရော ကျောင်းစာပဲလုပ်မယ်ဆိုရော ဂီတကမေ့သွား ပြန် ရော။ သီချင်းတွေလည်း မသိတော့ဘူး။ အဲဒီလို ဖြစ်သွားရော။ အဲဒီလို အရမ်းကို တစ်ဘက် စွန်း လုပ်ခဲ့ချိန် အရမ်းကို အခက်အခဲ ဖြစ်တယ်။ ကျောင်းစာပိုင်းဆိုင်ရာအခက်အခဲ ဖြစ်စေတယ်။ နောက်တော့ မျှတအောင် အမေတို့ ကလည်း စာလုပ်ချိန်စာလုပ်ဖို့ ပြောတယ်။ သီချင်းဆိုရ မယ်ဆိုရင်လည်း နောက်နေ့ပွဲရှိတယ်။ ဘာသီချင်းလေးကျက်။ အဲဒါလေးပြီးရင် စာလေးလုပ်လိုက်တော့ဆိုပြီး အဲဒီလိုချော့မော့ပြောဆိုရင်း ကိုယ်လည်းလိုက်လုပ်ရင်း မျှတသွားတာပေါ့” လို့ ဝိုင်းလမင်းအောင်က ကျောင်းစာ နဲ့ ဂီတမျှဝေ ကြိုးစားခဲ့ရပုံကို ပြောပြပါတယ်။ အခုလက် ရှိ အချိန်မှာတော့ ဝိုင်းလမင်းအောင်က ယဉ်ကျေးမှု တက္ကသိုလ် ပထမနှစ် (ဂီတ) အထူးပြု တက်ရောက်နေသလို အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here