OPPO က ခေတ်လူငယ်တွေကြားက စိတ်ကူးယဉ်ဆန်အချစ်ဇာတ်လမ်းမျိုးကိုအခြေခံထားသည့် Short Film Series ကို မိတ်ဆက်ပေးသွားမည်

0
99

OPPOဓာတ်ပုံတစ်ပုံသည် အကန့်အသတ်မဲ့ကမ္ဘာကြီးတစ်ခုကို ထိုင်ငေကြည့်ရှုနေရသည့်ခံစားချက်အရသာမျိုးကိုပေးစွမ်းနိုင်သည် ဆိုလျှင် video ပြကွက်တစ်ခုသည် ထိုအကန့်အသတ်မဲ့ကမ္ဘာကြီးဆီသို့ ကိုယ်တိုင်ဝင်ရောက်ကာ ပါဝင်သရုပ်ဆောင်နေရ သကဲ့သို့ ခံစားစေရမည်ဆိုသည့် အဓိပ္ပာယ်မျိုးပေးစွမ်းနိုင်စေရန်အတွက် OPPO က ချစ်ခြင်းတရားနှင့်မကင်းနိုင်ကြသည့် လူ ငယ်တွေအကြားမှာ အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ၊ အချစ်ဆိုတာ ဘယ်လိုမျိုးပေါက်ဖွားလာရတာလဲ၊ ဘယ်လို ဇာတ်သိမ်းမျိုးတွေနှင့်အဆုံးသတ်ကြတာလဲဆိုတာတွေကို စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်အိမ်မျိုးကိုအခြေခံပြီး ဖော်ကျူး ထားသည့် ဇာတ်လမ်းတို Short Film Series တစ်ခုကို မိတ်ဆက်ပြသပေးသွားမည်ဖြစ်ပြီး ယခု Series မှာ အွန်လိုင်းတွင်ပြ သပေးမည့်ပုံစံမျိုးဖြင့်ထွက်ပေါ်လာမည်ဖြစ်သည်။ ယခု Short Film Series အမည်ကို “The Most Familiar Stranger” (Season Two) ဟု အမည်ပေးထားပြီး ၁၅မိနစ်ဝန်းကျင်ကြာမြင့်မည့် အပိုင်း ၂ပိုင်းပါဝင်မည်ဖြစ်သည်။ ယခု Short Film Series ကို ယခု မေလ မကုန်ခင်မှာပင် OPPO Myanmar Facebook တွင် စတင်ပြသပေးသွားမည်ဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် ဒေါင်း၊ ခင်ဝင့်ဝါ၊ Project_K နှင့် Hazel ညီညီထွန်းတို့က ပါဝင်ထားကြကာ တစ်မူထူးခြားသည့်ဇာတ်ကောင်စရိုက်နှင့် ဇာတ်လမ်း ကျောရိုးကိုအပြည့်အဝခံစားရစေမည်ဖြစ်သည်။ OPPO အနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံတွင် ပထမဆုံး Web Series ဇာတ်လမ်းတွဲဖြစ်သော “The Most Familiar Stranger” ကို မိတ်ဆက်ပြသပေးခဲ့ဖူးပြီး ယခုအခါတွင် အဆိုပါအမည်ကိုပြန်လည်ရယူကာ ထူးခြားသည့်ပုံစံမျိုးဖြင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here