Saturday, December 13, 2025

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...
HomeInternationalလယ်ကြွက်ထောင်သူအဖြစ် ဟန်ဆောင်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးကို...

လယ်ကြွက်ထောင်သူအဖြစ် ဟန်ဆောင်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးကို ထိုင်းရဲ ဖမ်းဆီး

လယ်ကြွက်ထောင်သူတစ်ဦးအဖြစ် ဟန်ဆောင်နေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ ဇနီးဖြစ်သူတို့ကို စိတ်ကြွဆေးပြား ၃ သိန်းကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ သူတို့လင်မယားကို လွှတ်ပေးဖို့ အမျိုးသားဖြစ်သူက ဘတ် ၅ သိန်းလာဘ်ထိုးခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။

ဂျင်ဒါ သောချာလီး(၄၁ နှစ်) နဲ့ ဇနီးဖြစ်သူ ရန်သစ်ဆာကွန်ပန်(၃၆ နှစ်) တို့ကို စိတ်ကြွဆေးပြား ၃၄၀,၀၀၀ နဲ့အတူ အရှေ့မြောက်ပိုင်းပြည်နယ် ဘန်ဖန်ခရိုင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပြည်နယ်ဒုရဲချုပ် ရဲမှူးကြီး သာနွန်ဆစ် ဝမ်ဝီဂျမ်က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

Nong Bua မြို့ တောတွင်းတစ်နေရာရှိ အနက်ရောင် ပစ်ကပ်ထရပ်ကားတစ်စီးပေါ် အမျိုးသားတစ်ဦးကို မသင်္ကာဖွယ်တွေ့ရှိခဲ့ရာမှ မစ္စတာ ဂျင်ဒါကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူဟာ လယ်ကြွက်ဖမ်းဖို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်မှာ ကြွက်ထောက်ချောက်တွေရှာနေတာဖြစ်တယ်လို့ ရဲကို သူက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပြောနေချိန်မှာ သူ့ပုံစံက တုန်လှုပ်နေတာကြောင့် ရဲက သံသယဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် သူ့ကားကို ရှာဖွေကြရာမှာ စိတ်ကြွဆေးပြား ၂၀၀၀၀ ကို တွေ့ခဲ့ကြရာမှ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ ယင်းနောက် မစ္စတာ ဂျင်ဒါကို စစ်မေးရာမှတဆင့် သူငှားရမ်းထားတဲ့ အိမ်ကနေ နောက်ထပ် ဆေးပြား ၃၂၀၀၀၀ ကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ မစ္စတာဂျင်ဒါဟာ ဖမ်းဆီးတဲ့ရဲတပ်ဖွဲ့ကို လာဘ်ထိုးဖို့ကြိုးစားခဲ့ပြီး အရာရှိတွေက လက်ခံချင်ယောင်ဆောင်ကာ ငွေယူခိုင်းခဲ့ပြီးနောက် လာဘ်ထိုးဖို့ယူလာတဲ့ ဘတ် ၅ သိန်း၊ ဆေးပြားတွေ၊ ပစ်ကပ်ကားတို့နဲ့အတူ သူတို့လင်မယားကို ချက်ချင်းဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ လာအိုမူးယစ်မှောင်ခိုသမားတစ်ဦးထံကနေ စိတ်ကြွဆေးပြား ၄ သိန်းဝယ်ယူခဲ့တာဖြစ်ကြောင်းနဲ့ ဆေးတွေကို ကြွက်ထောင်ချောက်အမှတ်အသားပြုထားတဲ့ နေရာတွေမှာ ထားရှိရယူစေခြင်းဖြင့် ဖြန့်ဖြူးရောင်းချတယ်လို့ မစ္စတာ ဂျင်ဒါက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ သူတို့လင်မယားနှစ်ဦးကို ရဲစခန်းမှာ ချု-ပ်ထားပြီး အမှုမှာ အခြားပါဝင်သူတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့ ထပ်မံစုံစမ်းစစ်ဆေးမှုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူ

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝန်းရံထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အတွင်းရှိ ဒေသအခြေအစိုက် မွန်ညီညွတ်ရေးပါတီသာမက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့အပြင် အခြားပါတီများအ‌နေဖြင့် အောင်နိုင်ရေးဆိုင်ဘုတ်များ...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071