အကယ်ဒမီ ရခဲ့သော်လည်း စိတ်မကောင်းဖြစ်နေရတဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်

0
227

Nyunt-Myanmarအနုပညာ လျှောက်လှမ်းမှု ခရီး သက်တမ်းအားဖြင့် လေးဆယ်ကျော် ရှိလာခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ် မတ် ၁၈ ရက်နေ့မှာ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် က သူ့ဘဝ အတွက် ပထမဦးဆုံး အကယ်ဒမီ ထူးချွန်ဆု ရွှေစင်ရုပ်တု ကို ရယူ ပိုင်ဆိုင်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။ ဦးညွှန့်မြန်မာညီညီ အောင် ကတော့ သူအရမ်း တန်ဖိုးထား ရတဲ့ အကယ်ဒမီဆုကို ရယူလိုက်နိုင် တဲ့အတွက် ပီတိဖြစ်ရတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် သူအနေနဲ့ ဝမ်းနည်းနေ ရတယ်လို့လည်း ဆိုပြန် ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့တပည့် ဇာတ် ညွှန်းရေး ဆရာ ဆဲဗင်းဒေး မရခဲ့တာနဲ့ ထူးမွန်တို့ အကယ်ဒမီ မရခဲ့ကြတဲ့ အပေါ်ကိုတော့ စိတ်မ ကောင်းဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

“သူတို့မရခဲ့ကြ တဲ့အပေါ်ကို တော့ စိတ်မကောင်း ဖြစ်မိရတယ်။ ဒီအကယ်ဒမီဆု ဆိုတာ ကျွန်တော် တို့ အလိုချင်ဆုံး ဆုပါ။ ကျွန်တော်တို့ ရဲ့ အိမ်မက် တွေလေ။ အကယ်ဒမီဆု ဆိုတာ။ ကျွန်တော်ကတော့ အကယ် ဒမီ ဆုရခဲ့တဲ့ အတွက် ကျေနပ်ရပါ တယ်။ ကျွန်တော် ဒီအုတ်ကြားမြတ် ပေါက် ဇာတ်ကားကို ရိုက်ကူးတုန်းက အကယ်ဒမီ ဆုရပါစေတော့ကွာ ဆိုပြီးတော့ ရိုက်ခဲ့တာမျိုးတော့မဟုတ် ဘူးပေါ့။ ဒါပေမယ့် ဇာတ်ကားကို တည်းဖြတ်ပြီးသွားတဲ့ အခါမှာတော့ အတော်ကို ကျေနပ်မိနေတဲ့ အခါကျ တော့ အကယ်ဒမီကို ရချင်တာပေါ့” လို့ ဦးညီညီထွန်းလွင် ကပြောပြပေးပါ တယ်။

ဇာတ်ညွှန်းဆုနဲ့ အမျိုးသမီး ဇာတ်ပို့ ဆု နှစ်ခုကိုမပေးအပ်နိုင် လိုက်တဲ့ အပေါ်ကိုတော့ သူ့ရဲ့ အမြင်က “တကယ်တော့ ဇာတ်ညွှန်း  ဇာတ်ကားကောင်းတာပါ။ အဲ့ဒီတော့ ကျွန်တော်လည်း ကြားပါ တယ်။ ၅ဝ ရာခိုင်နှုန်း မပြည့်လို့ မပေးဘူး ဆိုတာပေါ့။ အဲ့ဒီလို စံနှုန်း တစ်ခုနဲ့သာ သွားနေမယ် ဆိုရင် ရွေးချယ်တဲ့ လူဦးရေတွေ နဲ့ တွက် လိုက်မယ် ဆိုရင်တော့ မဲတွေ ဟာ ပြန့်သွားတဲ့ သဘောဖြစ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အနုပညာ သမားတွေရဲ့ စိတ်ဓာတ်တွေ ပြိုလဲ ပျက်စီး သွားနိုင်ပါ တယ်။ အဲ့ဒီတော့ ဒီမှုအပေါ် ကို ပြန် သုံးသပ်ပေးစေချင် ပါတယ်။ ကျွန်တော်ကတော့ အကယ် ဒမီဆိုတာ ချန်ပီယံရွေးတာ ဖြစ် တယ်။ တစ်နှစ်အတွက် ရွေးတာ ဖြစ် တယ်။ အဲ့ဒီတော့ သက်ဆိုင်ရာ ဆု အတွင်းမှာ တစ်ယောက်တည်း ပဲ ရှိရမယ်လေ။ အရင်တုန်းကလည်း ပူးတွဲတွေ ဘာတွေ လုပ်ခဲ့သေးတယ်။ ဒါတွေ ဟာ အကယ်ဒမီကို ပျက်စီးခဲ့ တာဖြစ်တယ်။ မကောင်းရင် မပေးနဲ့ ဗျာ။ ကျွန်တော်တို့ အနုပညာ ရှင်တွေ အနေနဲ့ကလည်း ကိုယ့်ကိုယ် ယုံကြည်မှုရှိရှိ နဲ့ပဲ အကယ်ဒမီ စင်မြင့် ပေါ်တတ်ချင်ကြတာ ဖြစ်တယ်။ အခု ကတော့ အဲ့ဒီလို တက်ခွင့် ရဖို့ အတွက် ခြေထောက် အချိုးခံ လိုက်ရသလိုပေါ့ဗျာ။ အဲ့ဒီတော့ ၅ဝ ရာခိုင် နှုန်းမပြည့်လို့ ဆိုတဲ့အရာ အပေါ်မှာ အခုဟာက အကောင်း ဆုံးဆိုတဲ့ ၃ ကားကို ရွေးထားပြီး နေပြီ ဖြစ်တဲ့ အတွက် အမှတ် အများဆုံး ရထား တဲ့ဇာတ်ကားထဲ ကဇာတ် ညွှန်း ဆရာ တစ်ယောက် ကို ပေးအပ် ခဲ့သင့် တယ်လို့ မြင်ပါတယ်” လို့ ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here