Friday, October 2, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ...

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန...

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး...

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန်...

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ယနေ့ကျင်းပ၊ ညနေ...

ရန်ကုန်၊ စက်တင်ဘာ ၂၅ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ စက်တင်ဘာ...
HomeMoviesအာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက် ရွေးစင်...

အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမကစားသမားစာရင်း ထုတ်ပြန်

ရန်ကုန်၊သြဂုတ်-၁၆

ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Aichi-Nagoya 2026) အမျိုးသမီးဘော လုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမကစားသမား ၃၃ ဦးစာရင်းကို နည်းပြချုပ် Colin Bell က ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Nagai Stadium တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အသင်း ၁၂ သင်းကို အုပ်စု ၃ စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ ပထမနှင့် ဒုတိယရအသင်းများအပြင် အ ကောင်းဆုံး တတိယနေရာရအသင်း ၂ သင်း စုစုပေါင်း ၈ သင်းသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

ပဏာမလူစာရင်းမှ ကစားသမားများကို ဩဂုတ် ၁၇ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ စခန်းဝင်လေ့ကျင့်သွားမည်ဖြစ်သည်။

သို့သော် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီ FC အသင်းမှ ကစားသမားများနှင့် အဆို ပါအသင်းသို့ အငှားသွားရောက်ကစားနေသည့် ဝင်းသိင်္ဂီထွန်း (ရတနာပုံ)၊ ဇင်မိုးပြည့် (ရန်ကုန်ယူနိုက်တက်)၊ လင်းမြင့်မိုရ် (ISPE)၊ ဇူးလတ်နဒီ (ISPE) နှင့် မေသက်မွန်မြင့် (သစ္စာအားမာန်) တို့မှာ အစောပိုင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ဘဲ ဩဂုတ် ၂၄ ရက်မှသာ အသင်းနှင့်အတူ စုံလင်စွာ လေ့ကျင့်နိုင်မည်ဖြစ်ကြောင်း အသိပေးချက်အရ သိရသည်။

ထို့အပြင် ဧရာဝတီ FC နောက်ခံလူ နန်းဖြူဖွေးနှင့် သစ္စာအားမာန်အသင်းမှ ကွင်းလယ်လူ ခင်မိုမိုထွန်းတို့မှာဒဏ်ရာပြဿ နာများကြောင့် အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီအသင်း၏ ယခု ပဏာမလူစာရင်းမှ ချန်လှပ်ခံထားရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ကာ အုပ် စုအတွင်း အာရှထိပ်တန်းအသင်းများဖြစ်သည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ကို ရင်ဆိုင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ ဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာသံဝေဂယူ

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုသင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအချက်များကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်များနှင့်...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန် ပြင်ဆင်နေသည့်မြင်ကွင်းပုံရိပ်များ

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကြိုတင်ပြင်ဆင်နေသည့် မြင်ကွင်းပုံရိပ်များဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလာပ်တော်အား မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှပင့်ဆောင်လာမည်ဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071