Home International အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးရှိလာ၊ လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးရှိလာ၊ လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

0
83

ဂျကာတာ၊ ဩဂုတ် ၁၆

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ‌ေ-သဆုံးသူ ၅၁ ဦးအထိရှိလာပြီး လူ ၅,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း အာဏာပိုင်များက ပြောကြားသည်။

စနေနေ့နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြောင့် လူ ၃၆ ဦး ပြင်းထန်ဒ-ဏ်ရာရရှိခဲ့ပြီး ၇၇ ဦးမှာ အသေးစားဒ-ဏ်ရာများ ရရှိခဲ့ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ဘင်ဂျမင်ပေါလပ်စ် အော့ကတေးယံနပ်စ်က ပြောသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၄၁ ကြိမ်ခန့် လှုပ်ခတ်ခဲ့ပြီး လမ်းများပိတ်ဆို့ခြင်း၊ မြေပြိုခြင်းနှင့် အဆောက်အအုံများ ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဆစ်ကာဒေသတွင် လူ ၃,၃၀၀ ကျော်သည် ကိုယ့်အစီအစဉ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသလို အချို့မှာ အားကစားကွင်း၌ ယာယီနေထိုင်နေကြကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ (BNPB) က ထုတ်ပြန်သည်။

ငလျင်ကြောင့် အိမ်ခြေ ၁,၃၀၀ ကျော် ပျ-က်စီးခဲ့ပြီး ပျေ-ာက်ဆုံးနေသူအများစုမှာ အပျ-က်အစီးများအောက်တွင် ပိတ်မိနေကြောင်း သိရသည်။ မြေပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် မော်မီရီဒေသရှိ နေရာအချို့သို့လည်း ကယ်ဆယ်ရေးအဖွဲ့များ စတင်ဝင်ရောက်နိုင်ပြီဖြစ်သည်။

ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီရေးလုပ်ငန်းများအတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို ဘေးသင့်ဒေသများသို့ စေလွှတ်ထားသည်။ ဓာတ်အားပြတ်တောက်မှုကြောင့် ဓာတ်ဆီဆိုင် ၂၀ ခန့်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရသည်။

အရှေ့နူဆာတန်ဂါရာပြည်နယ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာရန် စဉ်းစားနေပြီး ယင်းသို့ကြေညာပါက ကယ်ဆယ်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်နှင့် ရန်ပုံငွေများကို ပိုမိုလျင်မြန်စွာ စုစည်းအသုံးပြုနိုင်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မြေထုချပ်ကြီးများ ဆုံတွေ့ရာ “ပစိဖိတ်မီးကွင်း” (Pacific Ring of Fire) ပေါ်တွင် တည်ရှိသဖြင့် ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

Ref: Antara News

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here