Saturday, August 15, 2026

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု...

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင်...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ်...

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့်...

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း...

ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့်...

လေးမျက်နှာ၊ သြဂုတ်-၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်းမိသားစုက လိုအပ်သည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း၏ ရေဘေးကူညီထောက်ပံ့ရေးခရီးစဉ်အဖြစ် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ...
HomeNewsLocal Newsတိုင်းရင်းသားရေးရာလုပ်ငန်းများ ပိုမိုထိရောက်စေရန် ခရိုင်ရုံးခွဲများနှင့်...

တိုင်းရင်းသားရေးရာလုပ်ငန်းများ ပိုမိုထိရောက်စေရန် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်မည်

ကျိုင်းတုံ၊ ဩဂုတ် ၁၅

တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဒေသအလိုက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်ရန် နိုင်ငံတော်က မူအားဖြင့် ခွင့်ပြုပြီးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ စည်ပင်သာယာရေးရုံး၌ ဂုံရှမ်း၊ ရှမ်းကြီး၊ တိုင်းနေ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ‘ဝ’၊ လီဆူ၊ အားခေ၊ အာခါ၊ အဲန်၊ ဗမာနှင့် လားဟူ စသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မူလလက်ရာ မပျ-က်စီးစေရေး ထိန်းသိမ်းရန်နှင့် လိုအပ်သည့် စည်းမျဉ်းများ သတ်မှတ်ထားရန်၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ပြုစုမှတ်တမ်းတင် ထိန်းသိမ်းထားရန် မှာကြားခဲ့သည်။

ထို့ပြင် တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ ရိုးရာပွဲတော်များအတွက် ထောက်ပံ့ကူညီပေးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရန် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေဟု ပူတင်ပြော

မော်စကို၊ ဩဂုတ် ၁၅ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ရေး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စများ၌ အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ကင်မ်ဂျုံအန်သည် ဩဂုတ် ၁၄ ရက်က ပြုံယမ်းမြို့ရှိ လွတ်မြောက်ရေးမျှော်စင်သို့...

ယူကရိန်းသို့ ဘိုင်ဒန်၏ လက်နက်အမြောက်အမြား ပေးအပ်ခဲ့မှုအပေါ် အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ဝေဖန်

​ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံတွေကို လက်နက်အမြောက်အမြား ပေးအပ်ခဲ့တာဟာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ရှုမြင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့ပါတယ်။ ​ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးမယ့် အလားအလာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လီဗစ်က "လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ရင် သမ္မတ ဒေါ်နယ်ထရမ့်က ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားပါ။ ကံဆိုးပြီး ဝမ်းနည်းစရာကောင်းတာက ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းအပါအဝင် တခြားနိုင်ငံတွေကို လက်နက်တွေ အများကြီး ပေးပစ်ခဲ့တာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေ...

မြန်မာ-ဘယ်လာရုစ် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၅ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ကာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများနှင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova တို့သည် ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာစေရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071