ရန်ကုန်၊ ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အောက်ပုဇွန်တောင်လမ်းတစ်လျှောက်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရေးနှင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကေဘယ်ကြိုးရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးစဉ် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို စနစ်တကျ ရှင်းလင်းနိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
