Saturday, August 15, 2026

တိုင်းရင်းသားရေးရာလုပ်ငန်းများ ပိုမိုထိရောက်စေရန် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ...

ကျိုင်းတုံ၊ ဩဂုတ် ၁၅ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဒေသအလိုက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်ရန် နိုင်ငံတော်က မူအားဖြင့်...

ပြည်တွင်းစားသုံးမှုဖူလုံရေး ဦးစားပေးပြီး ပိုလျှံထုတ်ကုန်များ ပြည်ပသို့...

ရန်ကုန်၊ ဩဂုတ် ၁၅ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ကုန်ပစ္စည်းများကို သက်သာသည့်ဈေးနှုန်းဖြင့် ဦးစွာဖြန့်ဖြူးပေးပြီး ပိုလျှံသည့်ထုတ်ကုန်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

၂၀၂၆ ကွမ်တုံး-မကာအို ထုတ်ကုန်ပြပွဲတွင် မြန်မာ့ကျောက်မျက်၊...

မကာအို၊ ဩဂုတ် ၁၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပခဲ့သည့် ၂၀၂၆ ကွမ်တုံး-မကာအို ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ယွန်းထည်၊...

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား...

ရန်ကုန်၊ ဩဂုတ် ၁၅ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ...
HomeNewsLocal Newsစစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀...

စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၄ ကျော် ပေးအပ်

စစ်ကိုင်း၊ ဩဂုတ် ၁၅

စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၉) ခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စုမှ လူဦးရေ ၁,၅၆၉ ဦးအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာ၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုဝင်များအတွက် ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင် စစ်ကိုင်းမြို့နယ် ထုံးဘိုရပ်ကွက် ရေဘေးရှောင်စခန်းရှိ ထုံးဘိုနှင့် တကောင်းရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၀၄ ဦး၊ သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင်ဘုရားဝင်းအတွင်းရှိ သောတာပန်နှင့် စိန်ကုန်းရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၀ နှင့် ဧမြဝတီရပ်ကွက် ရှစ်မျက်နှာဘုရားဝင်းအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၆၅၀ တို့အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥနှင့် ငါးသေတ္တာဘူးများကို ဩဂုတ် ၁၄ ရက်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအနက် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ငါးနှစ်အောက် ကလေးငယ်များ၊ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများကို တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းရင်းသားရေးရာလုပ်ငန်းများ ပိုမိုထိရောက်စေရန် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်မည်

ကျိုင်းတုံ၊ ဩဂုတ် ၁၅ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဒေသအလိုက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံးခွဲများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများ တိုးချဲ့ဖွင့်လှစ်ရန် နိုင်ငံတော်က မူအားဖြင့် ခွင့်ပြုပြီးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ စည်ပင်သာယာရေးရုံး၌ ဂုံရှမ်း၊ ရှမ်းကြီး၊ တိုင်းနေ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ‘ဝ’၊ လီဆူ၊ အားခေ၊ အာခါ၊ အဲန်၊ ဗမာနှင့် လားဟူ စသည့် တိုင်းရင်းသားစာပေနှင့်...

ပြည်တွင်းစားသုံးမှုဖူလုံရေး ဦးစားပေးပြီး ပိုလျှံထုတ်ကုန်များ ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် စီးပွား/ကူးသန်းဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၁၅ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ကုန်ပစ္စည်းများကို သက်သာသည့်ဈေးနှုန်းဖြင့် ဦးစွာဖြန့်ဖြူးပေးပြီး ပိုလျှံသည့်ထုတ်ကုန်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွင်း စက်ရုံ၊ အလုပ်ရုံများ၏ ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာစက်မှုဇုန် (၁) ရှိ Shwe War Yaung Agriculture Production ကုမ္ပဏီ၌ ပြည်ပတင်ပို့မည့် အဆင့်မြင့်ဆန်များ...

၂၀၂၆ ကွမ်တုံး-မကာအို ထုတ်ကုန်ပြပွဲတွင် မြန်မာ့ကျောက်မျက်၊ ဒေသထွက်ကုန်နှင့် အစားအသောက်များ ပါဝင်ပြသရောင်းချ

မကာအို၊ ဩဂုတ် ၁၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပခဲ့သည့် ၂၀၂၆ ကွမ်တုံး-မကာအို ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ယွန်းထည်၊ အဝတ်အထည်နှင့် ဒေသထွက်အစားအသောက်များ ပါဝင်ပြသရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲကို Venetian Macao, Cotai Expo ၌ ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ လေးရက်ကြာ ဇုန်ခြောက်ခုခွဲ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ ကုန်ပစ္စည်းဇုန် (Belt and Road Zone) ရှိ မြန်မာပြခန်းဧရိယာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071