Saturday, August 15, 2026

မန္တလေး-မိုးကုတ် နှင့် မန္တလေး-မုံရွာ ကားလမ်းများ...

မန္တလေး၊ဩဂုတ်-၁၅ မန္တလေး-မိုးကုတ်နှင့် မန္တလေး-မုံရွာ အဝေးပြေးကားလမ်းမကြီးများပေါ်ရှိ အချို့နေရာများတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ...

ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ...

နေပြည်တော်၊ ဩဂုတ် ၁၅ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ကို...

YBS ယာဉ်စီးခများ စက်တင်ဘာ ၁...

ရန်ကုန်၊ ဩဂုတ်-၁၅ ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC...

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန်...

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော်...
HomeNewsLocal News“ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိလွှတ်ပေးရန်”...

“ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိလွှတ်ပေးရန်” တောင်းဆိုမှုသည် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံမူများအပေါ် သက်ရောက်မှုရှိဟု မြန်မာသံရုံး တုံ့ပြန်

ဝါရှင်တန်၊ ဩဂုတ် ၁၅

ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုမှုသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာတရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း မြန်မာသံရုံး (ဝါရှင်တန်) က ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဩဂုတ် ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း X လူမှုကွန်ရက်၌ ဖော်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းဖော်ပြချက်များအနက် တွေ့ဆုံမှုအပေါ် ကြိုဆိုသည့်အချက်ကို အသိအမှတ်ပြုသော်လည်း ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုမှုမှာ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေး အခြေခံမူများအပေါ် သက်ရောက်မှုရှိကြောင်း မြန်မာသံရုံးက တုံ့ပြန်ထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်းဖြစ်ပြီး အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်မှ ပြစ်ဒဏ်များ လျှော့ပေါ့ပေးထားသော်လည်း ခြွင်းချက်မရှိ လွှတ်ပေးရေးကိစ္စကို တရားဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို လူသားချင်းစာနာထောက်ထားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့မှုများ အကြိမ်ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ အကျဉ်းသား ၁၂၆,၉၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကာ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-မိုးကုတ် နှင့် မန္တလေး-မုံရွာ ကားလမ်းများ ရေကြီးနစ်မြုပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေ

မန္တလေး၊ဩဂုတ်-၁၅ မန္တလေး-မိုးကုတ်နှင့် မန္တလေး-မုံရွာ အဝေးပြေးကားလမ်းမကြီးများပေါ်ရှိ အချို့နေရာများတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် အဆိုပါ အဝေးပြေး လမ်းပိုင်းများပေါ်သို့ ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်လိုင်းများအနေဖြင့် သတိပြုမောင်းနှင်နေရကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။ "ကုန်ကားကြီးတွေတောင် ရေစီးအရမ်းကြမ်းတဲ့အချိန်ဆို မသွားရဲတော့ဘူး။ အရင်ရက်တွေကဆို ညအိပ်စောင့်ရတာ။ ခရီးသည်တင်ကားလေးတွေကတော့ ဖြတ်လို့ကိုမရလို့ ဟိုဘက်ဒီဘက် ကားချင်းချိန်းပြီး သွားနေရတာ။ အချိန်ကုန်၊ ငွေကုန်နဲ့ဆိုတော့...

ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ ဩဂုတ် ၁၅ ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ကို မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လှူဒါန်းပစ္စည်းများနှင့်...

YBS ယာဉ်စီးခများ စက်တင်ဘာ ၁ ရက်မှစတင်ကာ ကျပ် ၆၀၀ ပြောင်းလဲကောက်ခံမည်

ရန်ကုန်၊ ဩဂုတ်-၁၅ ရန်ကုန့်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်စီးခများကို ယခင် ၄၀၀ ကျပ်မှ ယခု ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။ စက်တင်ဘာလ ၁ ရက်ကစပြီး ကားခများကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ " မြို့ထဲက ၂၀၀ ကို ၃၀၀၊ ၄၀၀ ကို ၆၀၀ ပါ။ ယာဉ်ပြင်ဆင်စရိတ်တွေ များလို့လေ။ ယာဉ်ပြင်ဆင်စရိတ်တွေ တော်တော် ရှုံးနေလို့၊ အဲဒါကြောင့်။ ယာဉ်ပြင်စရိတ်တွေ တက်တော့ ကားတွေက မပြင်နိုင်တော့ ယာဉ်ထွက်နည်းတာပေါ့။ အရင်တုန်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071