Friday, August 14, 2026

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့...

တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ်...

မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ်...

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ်...

မန္တလေး၊ ဩဂုတ် - ၁၄ မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန်...

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး...

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်...
HomeNewsLocal Newsမုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍...

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့် သတ်မှတ်ထား

နေပြည်တော်၊ ဩဂုတ် – ၁၄

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးဇလ၏ ယနေ့ မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ကာ ဂျာခမ်းပြည်နယ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်သည်။

ထို့ပြင် မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုဘေးအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄ ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။ ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့ သွားရောက်ပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် စည်ပင်မှ ဆေးဖြန်းခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ၅၄ ဦးအထိ ရှိကြောင်း သိရသည်။

တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲမည်

မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီ၌ ထွက်ခွာကာ...

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်

မန္တလေး၊ ဩဂုတ် - ၁၄ မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ 2026 (မန္တလေး)” ကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲနှင့် ပြပွဲကို မန္တလေးမြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071