Sunday, July 19, 2026

စုစည်းညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ဖို့လိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

စုစည်းညီညွတ်မှုရှိသည့်တိုင်းပြည်တစ်ခုဖြစ်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည်...

ဇူလိုင် ၂၀ မှ ၂၇...

နေပြည်တော်၊ ဇူလိုင်-၁၉ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက်...

ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု...

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းနှင့် ပတ်သက်ပြီး ဇူလိုင် (၂၄) ရက်နေ့တွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း...

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့...

​အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အစည်းအဝေးတွေ လုပ်ဖို့၊ ပြီးတော့ အင်ဒို-ပစိဖိတ်ဒေသတွင်းက အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးဖို့အတွက်...
HomeNewsLocal Newsနေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ...

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲမည်

နေပြည်တော်၊ ဇူလိုင်-၁၈

နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်းများအပြင် အသစ်လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲမည်ဟု သိရသည်။

ယင်းလမ်းကြောင်းများမှာ တပ်ကုန်း၊ လယ်ဝေး၊ ရွာတော်နှင့် မြို့တွင်း လိုအပ်သော နေရာများသို့ လမ်းကြောင်းသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ လမ်းကြောင်းတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ဂိတ်တာဝန်ခံ ဦးအောင်သူမိုးက ပြောကြားသည်။

လက်ရှိတွင် ရာဇာမင်းယာဉ်လိုင်းမှ EV ဘတ်စ်ကားများကို နေပြည်တော် မြို့မဈေးမှ စတင်ထွက်ခွာ၍ ခုတင် (၁၀၀၀) ဆေးရုံရှေ့၊ ကံ့ကော်အိမ်ရာ၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဇမ္ဗူသီရိဆေးရုံရှေ့၊ ပြန်ကပြေးအဝိုင်း၊ ဆင်ရုပ်နှင့် နှင်းဆီအဝိုင်းမှတစ်ဆင့် ဘောဂသီရိဂိတ်အထိ ပြေးဆွဲပေးလျက်ရှိသည်။

ယာဉ်စီးခနှုန်းထားကိုမူ ဂိတ်စဂိတ်ဆုံး မည်သည့်နေရာအထိ စီးနင်းသည်ဖြစ်စေ တစ်ဦးလျှင် ၁,၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယာဉ်စီးခပေးချေရာတွင် သတ်မှတ်ထားသည့် ပုံးအတွင်း ကိုယ်တိုင်ထည့်သွင်းပေးရကာ မိမိဆင်းလိုသည့်နေရာရောက်မှသာ Stop Alarm ခလုတ်ကို နှိပ်ရသည့်စနစ်ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စုစည်းညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ဖို့လိုဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

စုစည်းညီညွတ်မှုရှိသည့်တိုင်းပြည်တစ်ခုဖြစ်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည် နိုင်ငံကိုမည်သို့မျှော်မှန်းပြီး နိုင်ငံတော်တည် ဆောက်ခဲ့ကြသလဲ၊ စည်းလုံးညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုသည်ကို မိမိတို့အနေဖြင့် အမြဲတမ်းလေ့လာပြီးတန်ဖိုးထားရန်လိုသည်ဟု ပြောကြားသည်။ "စုစည်းညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးကညီညွတ်ဖို့လိုတယ်။ ညီညွတ်ရုံနဲ့မရသေးဘူး။ တိုင်းပြည်အတွက်အလုပ်လုပ်ဖို့လိုတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ တိုင်းပြည်မှာစည်းကမ်းအရတော့ လိုအပ်ချက်ရှိနေတာအမှန်ပါဘဲ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နှင့်အလုပ်လုပ်ပါက စွမ်းအားရှိသမျှအလုပ်လုပ်ပါက တိုင်းပြည်မတိုးတက်စရာအကြောင်းမရှိဘဲ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့်နိုင်ငံ ဘယ်လိုနည်းနှင့်မျှမဖြစ်စရာမကြောင်းမရှိဘဲ မြန်မာနိုင်ငံသားအားလုံးခွန်အားရှိကြကာ ကိုယ့်ခွန်အားကိုအသုံးချနိုင်ရန်သာလိုသည်ဟု နိုင်ငံတော်သမ္မတက...

ဇူလိုင် ၂၀ မှ ၂၇ အတွင်း ဒေသအများအပြား မိုးကြီးနိုင်၍ ရေကြီးမြေပြိုဘေး သတိပြုရန် မိုးဇလနှိုးဆော်

နေပြည်တော်၊ ဇူလိုင်-၁၉ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၉/၂၀၂၆) အရ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။ အဆိုပါကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊...

ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းစကားဝိုင်းပြုလုပ်မည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းနှင့် ပတ်သက်ပြီး ဇူလိုင် (၂၄) ရက်နေ့တွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း WHO က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ဆယ်ကျော်သက်လူငယ်များ၊ ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ/ဆရာမများ၊ ဆယ်ကျော်သက် ကျန်းမာရေးစီမံကိန်းမန်နေဂျာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်း ပညာပေးသူများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန်အသစ်များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်း စကားဝိုင်း”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071