ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ဆယ်ကျော်သက်လူငယ်များ အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်းနှင့် ပတ်သက်ပြီး ဇူလိုင် (၂၄) ရက်နေ့တွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း WHO က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဆယ်ကျော်သက်လူငယ်များ၊ ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ/ဆရာမများ၊ ဆယ်ကျော်သက် ကျန်းမာရေးစီမံကိန်းမန်နေဂျာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်း ပညာပေးသူများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန်အသစ်များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်း စကားဝိုင်း” ကို မြန်မာဘာသာဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇူလိုင်(၂၄) ရက်နေ့ နေ့လည် ၂ နာရီမှ ၃နာရီခွဲ အချိန်ထိ မြန်မာဘာသာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး WHO ၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် စာရင်းပေးသွင်းရန် အသေးစိတ်အချက်အလက်များကို တင်ပေးထားကြောင်း သိရသည်။
