Friday, July 17, 2026

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ...

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China...

YRTC က City Taxi...

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊...

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့်...
HomeNewsLocal NewsSGAC မှ မြန်မာကိုယ်စားလှယ်...

SGAC မှ မြန်မာကိုယ်စားလှယ် Space Systems Engineer မအိဖြူဖြူ IAF ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ တက်ရောက်ရန် ရွေးချယ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Space Systems Engineer အဖြစ် တာဝန်ထမ်းဆောင်နေသည့် မြန်မာအင်ဂျင်နီယာ မအိဖြူဖြူသည် လာမည့် အောက်တိုဘာလ ပထမပတ်တွင် ကျင်းပမည့် International Astronautical Federation (IAF) ၏ (၇၇) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ရန် ရွေးချယ်ခံထားရကြောင်း သိရသည်။

မအိဖြူဖြူသည် ပြည်နည်းပညာတက္ကသိုလ်မှ Mechatronics ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ Kyushu Institute of Technology တွင် Space Systems Engineering မဟာဘွဲ့ကို ဆက်လက်သင်ယူခဲ့သူဖြစ်သည်။

လက်ရှိတွင် Space Systems Engineer အဖြစ် နိုင်ငံတကာ အာကာသစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး NASA၊ ESA နှင့် JAXA တို့၏ စံချိန်စံညွှန်းများနှင့်အညီ CubeSat ဂြိုဟ်တုအစိတ်အ ပိုင်းများ၊ အင်တင်နာစနစ်များနှင့် ဆိုလာပြားဖြန့်ကြက်မှုစနစ်များကို ဒီဇိုင်းရေးဆွဲတီထွင်နိုင်သူဖြစ်ကြောင်း သိရသည်။

ထို့ပြင် CubeSat တည်ဆောက်ပုံဒီဇိုင်း၊ FEA စမ်းသပ်မှုများနှင့် အာကာသပတ် ဝန်းကျင်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများတွင်လည်း ပါဝင်လုပ်ကိုင်နေပြီး Python၊ C၊ C++၊ MATLAB၊ SolidWorks နှင့် Fusion 360 စသည့် နည်းပညာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူလည်း ဖြစ် သည်။

အလားတူ အမေရိကန် Federal Communications Commission (FCC) ၏ Ground Station Operator လိုင်စင်များကိုလည်း ရရှိထားကြောင်း သိရသည်။

မအိဖြူဖြူသည် Space Generation Advisory Council (SGAC) တွင် မြန်မာနိုင်ငံကိုယ်စားပြုဆက်သွယ်ရေးတာဝန်ခံ (National Point of Contact for Myanmar) အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပြီး မြန်မာလူငယ်များနှင့် နိုင်ငံတကာ အာကာသနည်းပညာအသိုင်းအဝိုင်းအကြား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခု IAF ၏ ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာအမျိုးသမီး အင်ဂျင်နီယာတစ်ဦး၏ နိုင်ငံတကာအာကာသနည်းပညာကဏ္ဍတွင် ရရှိထားသည့် အောင်မြင်မှုမှတ်တိုင်တစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း MASES က ဖော်ပြထားသည်။

ဓာတ်ပုံ-MASES

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်၏ ပထမအစီအစဉ်တွင် ရှီဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ Xu Zhitao၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန...

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ "City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း"City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Campaign အတွင်း City Taxi (၂,၀၀၀)စီးခန့်အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးခြင်း၊...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အ မျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071