Friday, July 17, 2026

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ...

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China...

YRTC က City Taxi...

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊...

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့်...

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD...

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။ ​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို...
HomeNewsLocal Newsလေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အ မျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာတ်တိုက် ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်ဝေက အသက်ကယ်အင်္ကျီ စနစ်တ ကျဝတ်ဆင်နည်းကို ရှင်းလင်းပြသခဲ့ပြီး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရန်နိုင်စိုး ဦး ဆောင်သည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရေနစ်သူအား ရှာဖွေကယ် ဆယ်ရေးသရုပ်ပြလေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်း ဦးဆောင်ကျင်းပခဲ့ပြီး မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို နံနက် ၉ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်၏ ပထမအစီအစဉ်တွင် ရှီဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ Xu Zhitao၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန...

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ "City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း"City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Campaign အတွင်း City Taxi (၂,၀၀၀)စီးခန့်အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးခြင်း၊...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က သွားရောက်စစ်ဆေးစဉ် ၎င်းစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071