မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ် သာသည် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အ ဆောင်အမိုးများနှင့် အခြေခံအဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း အဘွားအဆောင်၊ အဘိုးအဆောင်နှင့် မီးဖိုချောင်တို့၏ အမိုးများ ပျက်စီးခဲ့သည့်အပြင် သစ်ပင်အများအပြား လဲပြိုခဲ့ကာ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာ့လူငယ် (Y) အဖွဲ့၊ မေတ္တာစမ်းလအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့သော် ရိပ်သာအတွင်း သန့်ရှင်းရေးလုပ်ငန်းများ၊ အဆောင်များ ပြုပြင်မွမ်းမံရေးနှင့် လျှပ်စစ်မီး ပြန်လည်ရရှိရေးလုပ် ငန်းများ ဆက်လက်ဆောင်ရွက်ရန် လူ အင်အား၊ ပစ္စည်းနှင့် ငွေကြေးအကူအညီများ လိုအပ်နေသဖြင့် စေတနာရှင်ပြည်သူများနှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုကို လိုအပ်လျှက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-မုဒုံ ဘိုးဘွားရိပ်သာ
