Wednesday, July 1, 2026

မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရခြင်းသည် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀...

အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ...

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki...

တိုင်ကြားစာများတွင် အများပြည်သူနှင့်သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာကြား

မွန်ပြည်နယ်အတွင်းမှ တိုင်ကြားစာများတွင် အများပြည်သူနှင့်သက်ဆိုင်သည်များကိုဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန် ၃၀ ရက်ကပြုလုပ်သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခု၌...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခု၌ ဇူလိုင်လ ပထမ (၁၀) ရက်ပတ် (ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၀...
HomeMoviesရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ထူး ချွန်ကျောင်းသူ(၂)ဦးကို ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်နေထိုင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မအေးချမ်းပြည့်နှင့် မနီနီကျော်တို့အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဇွန် ၃၀ ရက်တွင်တွေ့ဆုံ၍ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ၊ အလှူရှင်များကလည်း ယင်း ကျောင်းသူ(၂)ဦးကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌(ဝိပ္ပံဘာသာတွဲ)ဖြင့် ပထမရရှိခဲ့သည့် မနီနီကျော် သည် အ.ထ.က(၁၄)လှိုင်သာယာမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုပြီး ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ပြီး မအေးချမ်းပြည့် သည်လည်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က(၄)လှိုင်သာယာမှဝင်ရောက်ဖြေဆိုပြီး (၆)ဘာသာဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရခြင်းသည် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ၌ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈) မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ပြုလုပ်နေသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှူစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ရေကြီးရေလျှံမှုဒဏ်ကို ခံစားမှုမရှိစေရေး အလေးအနက်ထား ဆောင်ရွက်ကြရေးနှင့်...

အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့အကြား ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ IOM ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC)...

တိုင်ကြားစာများတွင် အများပြည်သူနှင့်သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာကြား

မွန်ပြည်နယ်အတွင်းမှ တိုင်ကြားစာများတွင် အများပြည်သူနှင့်သက်ဆိုင်သည်များကိုဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန် ၃၀ ရက်ကပြုလုပ်သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဦးစားပေးဖြေရှင်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေရေးအတွက် ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်၊ နောင်လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အဆို/မေးခွန်းများတင်သွင်းမေးမြန်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားသည်။ ထို့နောက် လွှတ်တော်ကော်မတီ(၆)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊  မွန်ပြည်နယ်လွှတ်တော်သို့တိုင်ကြားလာသော တိုင်ကြားစာအမှုတွဲများနှင့် တတိယအကြိမ်မွန် ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်း/မေးမြန်းခဲ့သော အဆို/မေးခွန်းများကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071