မွန်ပြည်နယ်အတွင်းမှ တိုင်ကြားစာများတွင် အများပြည်သူနှင့်သက်ဆိုင်သည်များကိုဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန် ၃၀ ရက်ကပြုလုပ်သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ၌ မှာကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဦးစားပေးဖြေရှင်းပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေရေးအတွက် ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်၊ နောင်လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အဆို/မေးခွန်းများတင်သွင်းမေးမြန်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားသည်။
ထို့နောက် လွှတ်တော်ကော်မတီ(၆)ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မွန်ပြည်နယ်လွှတ်တော်သို့တိုင်ကြားလာသော တိုင်ကြားစာအမှုတွဲများနှင့် တတိယအကြိမ်မွန် ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်း/မေးမြန်းခဲ့သော အဆို/မေးခွန်းများကို ဆွေးနွေးခဲ့ကြသည်။
