Home News Local News ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

0
92

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။

လက်တလော၌ ဖလမ်းမြို့တွင် စည်ပင်သာယာရေးဈေး‌ပြန်လည်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက် သားငါး‌များကို ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေသည်။

ထို့အတူ ပညာရေးအနေဖြင့် ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ ကျောင်းအပ်နှံမှုမှာ မူလတန်းကျောင်းသား/ သူ (၉၇၉) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၁၂) ဦးစုစုပေါင်း (၁၀၅၁) ဦးရှိကြောင်းသိရသည်။

ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း (၁၇၉) ကျောင်းရှိသည့်အနက် မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အလယ်တန်း (ခွဲ) ကျောင်း (၆၀) ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်း(ခွဲ) ကျောင်း (၁၉) ကျောင်း၊ အထက်တန်းကျောင်း (၉) ကျောင်းစုစု ပေါင်း (၈၈) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအခြေအနေများအရ ဖလမ်းမြို့တွင် အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပညာရေး ကဏ္ဍများ ပြန်လည်လည်ပတ်နေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here