ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ “ဇေယျာမင်း” စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ “TOP” စက်သုံးဆီအရောင်းဆိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ “ရထိုက်တန်”စက်သုံးဆီအရောင်းဆိုင်တို့၌ ဇွန် ၂၀ ရက်မှစတင်ကာရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက် ပျိုးနိုင်ရေးအတွက် ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို တစ်ဧကလျင်(၂)ဂါလံနှုန်းဖြင့် တစ်လီတာ(၄,၇၆၉) ကျပ်၊ တစ်ဂါလံ(၂၁,၄၆၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စိုက်ဧက(၄၀၀)ခန့်အတွက် လီတာ(၃,၆၀၀) ကျော်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
