မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။
အဆိုပါ ပူးပေါင်းမှုကို “Two Worlds, One Goal!” ဟု အမည်ပေးထားပြီး ယခုပူးပေါင်းမှုသည် ကွင်းပြင်ပမှ Esports လှုပ်ရှားမှုများနှင့် ကွင်းအတွင်းမှ ဘောလုံးအားကစား၏ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များကို ပေါင်းစပ်ပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ အတူတကွ ဦးတည် လျှောက်လှမ်းမည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုထားသည်။
ဘောလုံးလောကနှင့်ခေတ်ရေစီးကြောင်းအရ အင်အားကြီးမားလာသည့် Esports လောကတို့ ပူးပေါင်းလိုက်ခြင်းကြောင့် ပရိသတ်များအတွက် ထူးခြားဆန်းသစ်သည့် အစီအစဉ်များနှင့် ရင်ခုန်စရာ Collaboration များကို မြင်တွေ့ရတော့မည် ဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်ကလပ်ကလည်း “ဒီ Official Partnership ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက် ဘယ်လို ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေ၊ ရင်ခုန်စရာ Collaboration တွေ ထွက်ပေါ်လာဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦး” ဟု အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ ပူးပေါင်းမှုကြောင့် ရှမ်းယူနိုက်တက် ပရိသတ်များနှင့် ဂိမ်းကစားသူ (Gamers) များအကြား မည်ကဲ့သို့သော လှုပ်ရှားမှုများ၊ အထူးအစီအစဉ်များနှင့် ပရိုမိုးရှင်းများ ဆက်လက်ထွက်ပေါ်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်။