ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်-ကာမိုင်းသွားကားလမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် တောင်ကမ်းပါးပြိုကျမှု ယနေ့ ဇွန် ၂၂ ရက်ကဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်ကမ်းပါးရံပြိုကျမှုကြောင့် လက်ရှိအချိန်၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး အတက်/အ ဆင်းကားများကို ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း သိရသည်။
ထို့ပြင် ဇွန် ၂၁ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သော ဖားကန့်မြို့၊ ကျောက်ဝိုင်းရပ်ကွက်ရှိ နေအိမ်များနှင့် လမ်းများပေါ်တွင် ယနေ့ ဇွန် ၂၂ ရက်တွင်ရေများပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
