Home News Local News လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီး

လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီး

0
85

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အုန်းနဲကုန်းကျေးရွာတွင် ယမန်နေ့ ဇွန် (၁၁)က လေဆင်နှာမောင်းငယ်တစ်ခု တို-က်ခတ်ခဲ့သောကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီးခဲ့သည်။

ယင်းနေအိမ် (၁၅)လုံးသည် အမိုးအကာပျ-က်စီးခြင်း၊ အိမ်တိုင်များယိုင်နဲ့သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းနှင့် မြို့နယ်ကြက်ခြေနီအသင်း၊ လှည်းကူးမြို့နယ်လူနာတင်ယာဉ်ကွန်ယက်အဖွဲ့ဝင် အသင်းဖွဲ့များနှင့် နာရေးကူညီမှုအသင်း(ဒါးပိန်)တို့မှ သွားရောက်၍ ကူညီမှုဆိုင်ရာလုပ်ငန်းစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- နာရေးကူညီမှုအသင်း (ဒါးပိန်)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here