Friday, June 12, 2026

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း...

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင် ကျဆင်း

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးများလည်း လိုက်ပါကျဆင်းနေပြီး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်းလည်း အခေါက်ရွှေဈေးသည် ဇွန်လဆန်းပိုင်းမှစတင်ကာ ကျပ်သိန်း ၁၀၀...

လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ်...

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အုန်းနဲကုန်းကျေးရွာတွင် ယမန်နေ့ ဇွန် (၁၁)က လေဆင်နှာမောင်းငယ်တစ်ခု တို-က်ခတ်ခဲ့သောကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီးခဲ့သည်။ ယင်းနေအိမ် (၁၅)လုံးသည်...

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့တွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့အစည်းအဝေးကို ယနေ့ ဇွန် ၁၂ ရက် (သောကြာနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့လိုအပ်ချက်ဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းများကို...
HomeNewsLocal News၂၀၂၇ ခုနှစ် သာသနာတော်ဆိုင်ရာ...

၂၀၂၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထိုင်းနိုင်ငံရှိ သာသနာပြု ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၇ ခုနှစ်အတွက် ဆက်ကပ်လှူဒါန်းချီးမြှင့်မည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထိုင်းနိုင်ငံရှိ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီသော ရဟန်းတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး(ဗန်ကောက်မြို့)က ဇွန် ၁၂ ရက်တွင် အသိပေးကြေညာထားသည်။

အဆိုပါ ဘွဲ့တံဆိပ်တော်များမှာ သာသနာပြုလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်နေသော ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ပရိယတ္တိ၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများ၊ ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များနှင့် ဗုဒ္ဓသာသနာတော်အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေသူများအား နှစ်စဉ် ဆက်ကပ်ချီးမြှင့်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

လျှောက်ထားနိုင်သည့် ဘွဲ့တံဆိပ်တော်များတွင် အဘိဓဇအဂ္ဂမဟာသန္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကစရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ စသည့် ဘွဲ့တံဆိပ်တော်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ လျှောက်လွှာပုံစံများ၊ ဓာတ်ပုံများနှင့် ထေရုပတ္တိ သို့မဟုတ် အတ္ထုပ္ပတ္တိများ ပူးတွဲတင်ပြရမည်ဖြစ်ပြီး လျှောက်လွှာများကို မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်လွှာပုံစံများ ရယူလိုခြင်းနှင့် အသေးစိတ် စုံစမ်းလိုသည်များရှိပါက မြန်မာသံရုံး (ဗန်ကောက်မြို့) ၏ အီးမေးလ် [email protected] မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးက အနီးကပ်ကြီးကြပ်၍ ခွဲစိတ်ဆရာဝန်ကြီးဒေါက် တာဒေါ်ညိုညိုဝင်းဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့ကခွဲစိတ်ကုသခြင်းဖြစ်ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရင်ချင်းဆက်အမွှာကလေးငယ်များဖြစ်သည့် မကြာညိုသင်း(အကြီး)နှင့် မကြာညိုသိမ့်(အငယ်) အ သက်(၂)နှစ်(၅)လတို့သည် ပခုက္ကူမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးထွန်းလင်းအောင်နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးနှစ်ဦးဖြစ်ကာ ရန်ကုန်ကလေးဆေးရုံကြီး၌ ဇန်နဝါရီ ၆ ရက်မှစတင်ကာ တက်ရောက်ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်း...

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင် ကျဆင်း

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးများလည်း လိုက်ပါကျဆင်းနေပြီး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းရွှေဈေးကွက်အတွင်းလည်း အခေါက်ရွှေဈေးသည် ဇွန်လဆန်းပိုင်းမှစတင်ကာ ကျပ်သိန်း ၁၀၀ အောက်သို့ ဆက်တိုက်ကျဆင်းနေပြီး ရန်ကုန်တိုင်းရွှေအသင်းမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးများလည်း လျော့ကျလာသည်ကို တွေ့ရသည်။ ဇွန် ၁၂ ရက်နေ့တွင် ရွှေတစ်ကျပ်သား ရည်ညွှန်းဈေး ကျပ် ၆၉ သိန်းခွဲအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၇၈၀၀၀၀ ခန့်ရှိနေကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၉ ရက်နေ့မှ...

လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီး

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အုန်းနဲကုန်းကျေးရွာတွင် ယမန်နေ့ ဇွန် (၁၁)က လေဆင်နှာမောင်းငယ်တစ်ခု တို-က်ခတ်ခဲ့သောကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီးခဲ့သည်။ ယင်းနေအိမ် (၁၅)လုံးသည် အမိုးအကာပျ-က်စီးခြင်း၊ အိမ်တိုင်များယိုင်နဲ့သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းနှင့် မြို့နယ်ကြက်ခြေနီအသင်း၊ လှည်းကူးမြို့နယ်လူနာတင်ယာဉ်ကွန်ယက်အဖွဲ့ဝင် အသင်းဖွဲ့များနှင့် နာရေးကူညီမှုအသင်း(ဒါးပိန်)တို့မှ သွားရောက်၍ ကူညီမှုဆိုင်ရာလုပ်ငန်းစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- နာရေးကူညီမှုအသင်း (ဒါးပိန်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071