Friday, June 12, 2026

ဟားခါးမြို့တွင်ရောက်ရှိနေသည့် ဖလမ်းမြို့ခံစစ်ဘေးရှောင်(၁၀၀)ဦးကျော် နေရပ်သို့ပြန်လည်ရောက်ရှိလာ

စစ်ရေးပဋိပက္ခများကြောင့် ဖလမ်းဒေသခံအများစုသည် ဟားခါးမြို့အပါအဝင် တည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများသို့စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေလျက်ရှိရာမှ တပ်မတော်က ဖလမ်းမြို့အားအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ ဇွန် ၁၁ ရက်ကလည်း...

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း...

လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ်...

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အုန်းနဲကုန်းကျေးရွာတွင် ယမန်နေ့ ဇွန် (၁၁)က လေဆင်နှာမောင်းငယ်တစ်ခု တို-က်ခတ်ခဲ့သောကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီးခဲ့သည်။ ယင်းနေအိမ် (၁၅)လုံးသည်...

၂၀၂၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၇ ခုနှစ်အတွက် ဆက်ကပ်လှူဒါန်းချီးမြှင့်မည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထိုင်းနိုင်ငံရှိ ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီသော ရဟန်းတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်ကြောင်း...
HomeNewsLocal Newsပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်...

ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင် ကျဆင်း

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးများလည်း လိုက်ပါကျဆင်းနေပြီး သုံးရက်အတွင်း ကျပ်ငါးသိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်းလည်း အခေါက်ရွှေဈေးသည် ဇွန်လဆန်းပိုင်းမှစတင်ကာ ကျပ်သိန်း ၁၀၀ အောက်သို့ ဆက်တိုက်ကျဆင်းနေပြီး ရန်ကုန်တိုင်းရွှေအသင်းမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးများလည်း လျော့ကျလာသည်ကို တွေ့ရသည်။

ဇွန် ၁၂ ရက်နေ့တွင် ရွှေတစ်ကျပ်သား ရည်ညွှန်းဈေး ကျပ် ၆၉ သိန်းခွဲအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ပြင်ပဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၇၈၀၀၀၀ ခန့်ရှိနေကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန် ၉ ရက်နေ့မှ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းအထိ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ကျော် ကျဆင်းခဲ့ပြီး လက်ရှိတွင် တအောင်စလျှင် ဒေါ်လာ ၄၁၀၃ ဝန်းကျင်အထိ ရောက်ရှိနေကြောင်း သိရသည်။ ယင်းမတိုင်မီ ဇွန် ၃ ရက်နေ့မှစတင်ကာ ကမ္ဘာ့ရွှေဈေးမှာ ဒေါ်လာ ၅၀၀၀ အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။

ဈေးကွက်ကျွမ်းကျင်သူများက လက်ရှိ အမေရိကန်နိုင်ငံ၏ လုပ်သားဈေးကွက် အခြေအနေမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်နေခြင်းကြောင့် အမေရိကန်ဗဟိုဘဏ် (Fed) အနေဖြင့် အတိုးနှုန်း ဆက်လက်မြှင့်တင်နိုင်ခြေရှိနေသဖြင့် ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသည်။

အမေရိကန်ဒေါ်လာဈေးမှာလည်း ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၉၀၀ မှ ၄၂၀၀ ကြား အရောင်းအဝယ်ဖြစ်ပေါ်နေပြီး ငွေလဲနှုန်းအပြောင်းအလဲမှာ အနည်းငယ်သာရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟားခါးမြို့တွင်ရောက်ရှိနေသည့် ဖလမ်းမြို့ခံစစ်ဘေးရှောင်(၁၀၀)ဦးကျော် နေရပ်သို့ပြန်လည်ရောက်ရှိလာ

စစ်ရေးပဋိပက္ခများကြောင့် ဖလမ်းဒေသခံအများစုသည် ဟားခါးမြို့အပါအဝင် တည်ငြိမ်အေးချမ်းမှုရှိသည့်နေရာများသို့စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေလျက်ရှိရာမှ တပ်မတော်က ဖလမ်းမြို့အားအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ ဇွန် ၁၁ ရက်ကလည်း ဟားခါးမြို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ဖလမ်းဒေသခံ(၁၀၀)ဦးကျော်သည် ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန် လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကာ စစ်ဘေးရှောင်နေရသည့် ဖလမ်းဒေသခံများနေရပ်ပြန်နိုင်ရေးအတွက်လည်း လို အပ်သည့်အကူအညီများဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးက အနီးကပ်ကြီးကြပ်၍ ခွဲစိတ်ဆရာဝန်ကြီးဒေါက် တာဒေါ်ညိုညိုဝင်းဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့ကခွဲစိတ်ကုသခြင်းဖြစ်ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရင်ချင်းဆက်အမွှာကလေးငယ်များဖြစ်သည့် မကြာညိုသင်း(အကြီး)နှင့် မကြာညိုသိမ့်(အငယ်) အ သက်(၂)နှစ်(၅)လတို့သည် ပခုက္ကူမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးထွန်းလင်းအောင်နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးနှစ်ဦးဖြစ်ကာ ရန်ကုန်ကလေးဆေးရုံကြီး၌ ဇန်နဝါရီ ၆ ရက်မှစတင်ကာ တက်ရောက်ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်း...

လှည်းကူး၊ အုန်းနဲကုန်းကျေးရွာတွင် လေဆင်နှာမောင်းကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီး

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ အုန်းနဲကုန်းကျေးရွာတွင် ယမန်နေ့ ဇွန် (၁၁)က လေဆင်နှာမောင်းငယ်တစ်ခု တို-က်ခတ်ခဲ့သောကြောင့် နေအိမ် (၁၅) လုံးခန့် ပျ-က်စီးခဲ့သည်။ ယင်းနေအိမ် (၁၅)လုံးသည် အမိုးအကာပျ-က်စီးခြင်း၊ အိမ်တိုင်များယိုင်နဲ့သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် လှည်းကူးမြို့နယ်မီးသတ်စခန်းနှင့် မြို့နယ်ကြက်ခြေနီအသင်း၊ လှည်းကူးမြို့နယ်လူနာတင်ယာဉ်ကွန်ယက်အဖွဲ့ဝင် အသင်းဖွဲ့များနှင့် နာရေးကူညီမှုအသင်း(ဒါးပိန်)တို့မှ သွားရောက်၍ ကူညီမှုဆိုင်ရာလုပ်ငန်းစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- နာရေးကူညီမှုအသင်း (ဒါးပိန်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071