Friday, June 12, 2026

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏...

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက်...

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့...

“ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း” ကို ဇွန်လ...

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ကြီးမှူး၍ ငှက်ဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအတွက် ရည်ရွယ်ကာ "ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း (Bird...
HomeNewsLocal Newsကမ္ဘာ့ဖလားအဖွင့်ပွဲတွင် အိမ်ရှင်မက္ကဆီကိုက တောင်အာဖရိကကို...

ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် အိမ်ရှင်မက္ကဆီကိုက တောင်အာဖရိကကို (၂) ဂိုးပြတ်ဖြင့် အနိုင်ရ၊ ပွဲကြမ်းခဲ့သဖြင့် အနီကတ် ၃ ကတ်အထိ ထွက်ပေါ်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်အဖြစ် ကျင်းပခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ အုပ်စု (A)အတွက်အဖွင့်နိုင်ပွဲနှင့် အမှတ်(၃)မှတ်ကို စတင်ရယူသွားခဲ့ပြီ ဖြစ်သည်။

မက္ကဆီကိုစီးတီးမြို့ရှိ Azteca Stadium တွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် အိမ်ရှင်မက္ကဆီကိုအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၉) မိနစ်တွင် ဂျူလီယန် ကွီနိုနက်စ် (Julián Quiñones)ပွဲချိန်(၆၇) မိနစ်တွင် ရာအူးလ် ဂျီမီနက်ဇ် (Raúl Jim énez) တို့ကအသီးသီးသွင်းယူပေးခဲ့ကြသည်။

အဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ နှစ်သင်းစလုံးသည် တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် ဖိအားပေးတိုက်စစ်ဆင်ခဲ့ကြပြီး အလွန်အကြိတ်အနယ်ရှိခဲ့ကြသည်။

ထို့ကြောင့် ပြင်းထန်ခဲ့သည့်အတွက် ဒိုင်လူကြီးဖြစ်သူက ပွဲကိုထိန်းကျောင်းရန် အဝါကတ် (၃) ကတ်သာမက အနီကတ် (၃) ကတ်အထိ ထုတ်ပြပြီး ပြတ်ပြတ်သားသား အရေးယူခဲ့ရသည်။

မက္ကဆီကိုအသင်း၏ နောက်ခံလူ မွန်တက်စ် (César Montes)တောင်အာဖရိကအသင်း၏ ကွင်းလယ်ကစားသမား ယာယာ (Yaya)နှင့် ဇဝမ်း (Zwane)တို့ အနီကတ်ပြခံခဲ့ရသည်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု (A) တွင် မက္ကဆီကို၊ တောင်အာဖရိက၊ တောင်ကိုရီးယားနှင့် ချက်အသင်းတို့ ပါဝင်နေပြီး၊ အိမ်ရှင်မက္ကဆီကိုအသင်းကတော့ အဖွင့်ပွဲ၌ပင် အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးအတွက် အခွင့်အရေးကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဆုံး ရှုံးမှုများဖြစ်ပေါ်နိုင်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကလေးများအပေါ်များစွာမူတည်နေပြီး ကလေးငယ်များအား လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့လာဆည်းပူးခွင့်အခွင့်အရေးများဆုံးရှုံးနိုင်ပြီး အဖိုးတန်သောလူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောသည်။ ထိုသို့ အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော် ၏ လူ့စွမ်းအားအရင်းအမြစ်များကိုဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ ကလေးငယ်များသည် နိုင်ငံတော်၏ အနာဂတ်ရင်သွေးငယ်များဖြစ်ပြီး ၎င်းတို့၏ဘဝအာမခံချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကာကွယ်စောင့်ရှောက်ရန် အားလုံး၏တာဝန်ဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် ကလေးအလုပ်သမားပပျေ-ာက်ရေးအတွက်သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုင်းဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖြိုချဖျ-က်ဆီးရန် ၂၁ လုံးသာ ကျန်ရှိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ ဖျ-က်ဆီးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ဇွန် ၁၁ ရက်က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၄ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးမည့် အဆောက်အအုံ...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး၊ မြို့ကိုပတ်လည်ဝန်းရံထားသည့် ရှေးဟောင်းကျုံးအတွင်း ရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်းစေရေးနှင့် ကြာပန်းပေါင်းစုံဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်း ပိတ်ဆို့နေသည့် သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မူလမြို့တွင်းရှိ ရေတွင်း၊ ရေမြောင်းများကိုလည်း ပြန်လည်တူးဖော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071