လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း သိရသည်။
ဖြစ်စဉ်၌ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် လမ်းခွဲမည်ဟု ပြောသည့် အတူနေ ချစ်သူကောင်မလေးကို သတ်ခဲ့ပြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်၌ တည်ရှိသည့် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချသတ်သေခဲ့ကြောင်း၊ အဆုံးစီရင်ရခြင်း ဖြစ်ကြောင်း သေတမ်းစာတစောင်ရေးသားခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် သေတမ်းစာပါ လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျ သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲကလုပ်ထုံး လုပ်နည်းအတိုင်းအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
