Saturday, June 6, 2026

ကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး BGF...

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးဒေသရှိ ကပေါ်ထော့အထက်တန်းကျောင်းကို ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ...

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန်...

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင်...

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု...

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား...

ဇလန်းစကီးနှင့် တွေ့ဆုံရန် အကြောင်းမရှိသေးဟု ပူတင်ပြော၊...

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိအချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးကြောင်း ဇွန် ၆ ရက်တွင် ပြောကြားလိုက်ပြီး စစ်ပွဲအဆုံးသ-တ်ရေးအတွက်...
HomeNewsLocal Newsရွှေ (၃) ခု၊...

ရွှေ (၃) ခု၊ ကြေး (၁) ခု ဆွတ်ခူးပေးခဲ့သည့် မြန်မာစကိတ်အားကစားအသင်း

အင်ဒိုနီးရှားနိုင်ငံ၌ မေလ (၂၉) ရက်မှ (၃၁)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် Jakarta International Roller Skating Championships 2026 တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်းသည် ရွှေတံဆိပ် (၃) ခုနှင့် ကြေးတံဆိပ် (၁) ခု ဆွတ်ခူးရရှိကာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မြန်မာစကိတ်အသင်းသည် အာရှအဆင့်ပြိုင်ဘက်ကောင်းများနှင့် ယှဉ်ပြိုင်ကာ မီတာ (၅၀၀) တစ်ဦးချင်းပြိုင်ပွဲ၏ စီနီယာတန်း၊ အသက် (၁၆) နှစ်အောက်တန်းနှင့် အသက် (၁၈) နှစ်အောက်တန်းတို့တွင် ရွှေတံဆိပ်တစ်ခုစီ ဆွတ်ခူးခဲ့သည်။

အလားတူမီတာ (၁၀,၀၀၀) Relay (လက်ဆင့်ကမ်း)အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ခုကိုထပ်မံဆွတ်ခူးပေးခဲ့သည်။

နိုင်ငံတကာ အားကစားသမားတစ်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်သည့် ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အဆင့် (၆) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

အသင်းလိုက် ကြေးတံဆိပ်ရရှိရန် ခြေစစ်ပွဲတွင် စင်္ကာပူ၊ အင်ဒိုနီးရှားတို့ကဲ့သို့ အသင်းများကို ကျော်ဖြတ်ခဲ့ရပြီး ဗိုလ် လုပွဲတွင် ကာဇက်စတန်၊ အိန္ဒိယတို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းကို နည်းပြ/ကစားသမား ကိုဟိန်းဇော်သိန်းက ဦးဆောင်ပြီး၊ သာကေတမြို့နယ် အထက (၃)မှ ကျောင်းသားအားကစားသမားများဖြစ်ကြသော မောင်စစ်ပိုင်မှူး နှင့် မောင်ဇေယျာလင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါအောင်ပွဲရအသင်းကို မြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးလွင်လတ်၊ ဦးအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားမိဘဆွေမျိုးများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ မွန်ဂိုလီးယား၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ထိပ်သီးအားကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကပေါ်ထော့အထက်တန်းကျောင်း ငါးနှစ်အကြာ ပြန်ဖွင့်နိုင်ရေး BGF နှင့် ဒေသခံများ စုပေါင်းရှင်းလင်း

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေါနတောင်ခြေ အတွင်းကွင်းကလေးဒေသရှိ ကပေါ်ထော့အထက်တန်းကျောင်းကို ငါးနှစ်ခန့် ပိတ်ထားခဲ့ရပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် BGF တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင့် နှစ်ရှည်ပိတ်ထားခဲ့ရသည့် အဆိုပါကျောင်းတွင် ဇွန် ၅ ရက်က BGF အမှတ်(၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောထူး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၅၀ ကျော်၊ အတွင်းကွင်းကလေး(နို့ဖိုး)၊ အပြင်ကွင်းကလေး(ထိမူထ)နှင့် အတွင်းမဲကနယ်ကျေးရွာများမှ ဒေသခံ ၁၅၀ ကျော်တို့...

စစ်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ရန် အဆို မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျ-က်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အဆိုတစ်ရပ်ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ ဇွန် ၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် အဆိုအား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သင့်မသင့် သဘောထားရယူရာ သဘောတူညီချက်ရရှိခဲ့သဖြင့် အဆိုကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်ရက်ကိုလည်း လွှတ်တော်က ကြေညာခဲ့သည်။ ထို့ပြင် အစည်းအဝေးအတွင်း...

ပျဉ်းမနားမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ပြန်လည်ပြုပြင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်မည်

ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် ကိုယ့်အားကိုယ်ကိုးဆည် (၄) ခု ဖြစ်သည့် နှမ်းတောဆည်၊ ကြခတ်ဆည်၊ ဇီးရိုင်းဆည်နှင့် ကျောက်ဆည်တို့အား ပြန်လည်တူးဖော်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။ ဇွန် ၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ မေးခွန်းကို ဖြေကြားရာ၌ ဒုတိယဝန်ကြီးက ယင်းသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071