ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) တွင် ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း အီတူရီ(Ituri) ပြည်နယ်တွင် ဖြစ်ပွားနေသော အဆိုပါကူးစက်ရောဂါသည် သံသယဖြစ်ဖွယ်လူနာ ၂၄၆ ဦးခန့်နှင့် သေဆုံးသူ ၈၀ ဦး ရှိကြောင်း အစီရင်ခံထားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် အရေးပေါ်အခြေအနေ သတ်မှတ်ချက် စံနှုန်းများနှင့်မူ ကိုက်ညီမှုမရှိသေးကြောင်း ၎င်းအေဂျင်စီက ပြောကြားခဲ့သည်။
သို့သော်လည်း ယခုလက်ရှိ စစ်ဆေးတွေ့ရှိပြီး အစီရင်ခံထားသည်ထက် “ပိုမိုကြီးမားသော ကူးစက်ပြန့်ပွားမှုကြီး” ဖြစ်လာနိုင်သည့် အလားအလာရှိနေပြီး ဒေသတွင်းနှင့် နယ်စပ်ဖြတ်ကျော် ပြန့်ပွားနိုင်ခြေ အန္တရာယ် အလွန်မြင့်မားနေကြောင်း သတိပေးထားသည်။
ယခုလက်ရှိ ဖြစ်ပွားနေသော အီဘိုလာဗိုင်းရပ်စ်မျိုးကွဲမှာ ဘွန်ဒီဘူဂျို(Bundibugyo) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းဗိုင်းရပ်စ်အတွက် အတည်ပြုခွင့်ပြုထားသည့် ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး မရှိသေးကြောင်း WHOက ပြောကြားသည်။
အစောပိုင်းလက္ခဏာများတွင် ဖျားခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပြီး၊ ၎င်းနောက်တွင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်းနှင့် သွေးထွက်ခြင်းတို့ ဖြစ်ပွားတတ်သည်။
အီတူရီ ပြည်နယ်၏ မြို့တော် ဘူနီယာ(Bunia) နှင့် ရွှေတွင်းတူးဖော်ရာမြို့များဖြစ်သည့် မွန်ဂွာလူ(Mongwalu) နှင့် ရမ်ပါရာ(Rwampara) အပါအဝင် ကျန်းမာရေးဇုန် သုံးခု၌ အခြားသံသယဖြစ်ဖွယ်လူနာများနှင့် ေ-သဆုံးမှုများရှိနေပြီး၊ လက်ရှိတွင် ဓာတ်ခွဲခန်း၌ အတည်ပြုပြီးသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈ ဦး ရှိနေပြီဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။
မြို့တော် ကင်ရှာဆာ(Kinshasa) တွင်လည်း အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း အတည်ပြုထားပြီး၊ ၎င်းမှာ Ituri ပြည်နယ်မှ ပြန်လာသည့် လူနာတစ်ဦးဖြစ်သည်ဟု ယူဆရသည်။
အဆိုပါဗိုင်းရပ်စ်သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံပြင်ပသို့ ပြန့်နှံ့သွားခဲ့ပြီး အိမ်နီးချင်း ယူဂန်ဒါ (Uganda) နိုင်ငံတွင်လည်း အတည်ပြုလူနာ နှစ်ဦးရှိကြောင်း သတင်းပို့ထားသည်ဟု WHO က ပြောကြားသည်။ ကြာသပတေးနေ့က ေ-သဆုံးသွားခဲ့သော အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗိုင်းရပ်စ်ပိုး ပေါ့စတစ်တွေ့ရှိခဲ့ကြောင်း ယူဂန်ဒါတာဝန်ရှိသူများက ပြောသည်။
ယူဂန်ဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ေ-သဆုံးသွားသူမှာ ကွန်ဂိုနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလေ-ာင်းကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် M23 သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ပိုင်းမြို့ဖြစ်သော ဂိုမာ(Goma) မြို့တွင်လည်း အီဘိုလာကူးစက်ခံရသူတစ်ဦး ရှိနေကြောင်း ဓာတ်ခွဲခန်းက အတည်ပြုထားသည်ဟု AFP သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်းရှိ လက်ရှိလုံခြုံရေးအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် လူဦးရေရွှေ့ပြောင်းသွားလာမှု မြင့်မားခြင်း၊ ရောဂါအဓိကဖြစ်ပွားရာနေရာမှာ မြို့ပြဒေသဖြစ်နေခြင်းနှင့် ဒေသတွင်း၌ တရားဝင်မဟုတ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာ အများအပြားရှိနေခြင်းတို့နှင့် ပေါင်းစပ်သွားသည့်အခါ ရောဂါပြန့်ပွားနိုင်ခြေ အန္တရာယ်ကို ပိုမိုမြင့်တက်စေကြောင်း WHO က ပြောကြားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများသည် ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများကြောင့် အန္တရာယ်ရှိနိုင်ခြေ မြင့်မားသောနိုင်ငံများအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ယူဂန်ဒါနိုင်ငံတို့အနေဖြင့် ရောဂါပိုးကို စောင့်ကြည့်ရန်၊ လိုက်လံခြေရာခံရန်နှင့် ကူးစက်မှုကာကွယ်ရေး အစီအမံများကို အကောင်အထည်ဖော်ရန်အတွက် အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေး စင်တာများကို တည်ထောင်ရန် WHO က အကြံပြုထားသည်။
ရောဂါပြန့်ပွားမှုကို အနည်းဆုံးဖြစ်စေရန်အတွက် အတည်ပြုလူနာများကို ချက်ချင်း သီးသန့်ခွဲထားရမည်ဖြစ်ပြီး၊ အနည်းဆုံး ၄၈ နာရီခြား၍ စစ်ဆေးထားသော ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်ဆိုင်ရာ သီးသန့်ဓာတ်ခွဲစမ်းသပ်မှု နှစ်ကြိမ်စလုံးတွင် ပိုးမတွေ့ရှိသည့်တိုင်အောင် ကုသမှုပေးရမည်ဖြစ်ကြောင်း ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။
ရောဂါပိုးတွေ့ရှိရာ ဒေသများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများအနေဖြင့်လည်း အစိုးရများက စောင့်ကြည့်စစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာ သတင်းပို့စနစ်များကို မြှင့်တင်သင့်သည်။
ရောဂါဖြစ်ပွားရာ ဒေသ ပြင်ပရှိနိုင်ငံများအနေဖြင့်မူ ၎င်းတို့၏ နယ်စပ်များကို ပိတ်ပစ်ခြင်း သို့မဟုတ် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုများကို ကန့်သတ်ခြင်းမျိုး မလုပ်သင့်ကြောင်း၊ အကြောင်းမှာ “ထိုကဲ့သို့သော အစီအမံများသည် များသောအားဖြင့် ကြောက်ရွံ့စိတ်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ပြီး သိပ္ပံနည်းကျ အခြေအမြစ်မရှိသောကြောင့်ဖြစ်သည်” ဟု WHO က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုဖြစ်ပွားနေသော ရောဂါကူးစက်မှုတွင် “ပိုးကူးစက်ခံရသူ အရေအတွက်အမှန်နှင့် ပထဝီဝင်အနေအထားအရ ပြန့်နှံ့မှု အတိုင်းအတာတို့အပေါ် သိသာထင်ရှားသော မရေရာမှုများ ရှိနေဆဲဖြစ်သည်” ဟု WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရော့စ်က သတိပေးခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်တွင် ယခုလက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟု ခေါ်တွင်သော နေရာ၌ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လင်းနို့များထံမှတစ်ဆင့် ပြန့်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ယခုဖြစ်ပွားမှုသည် အဆိုပါနိုင်ငံ၌ သေစေနိုင်သော ဤဗိုင်းရပ်စ်ရောဂါ ၁၇ ကြိမ်မြောက် ကူးစက်ပြန့်ပွားခြင်း ဖြစ်သည်။
၎င်းသည် ခန္ဓာကိုယ်မှထွက်သော အရည်များနှင့် တို-က်ရို-က်ထိတွေ့ခြင်း သို့မဟုတ် အရေပြားပွန်းပဲ့ပြတ်ရှရာများမှတစ်ဆင့် ပြန့်ပွားတတ်ပြီး ပြင်းထန်စွာ သွေးထွက်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ကို ဖြစ်စေသည်။
အီဘိုလာရောဂါအတွက် ကုသပျောက်ကင်းမည့်ဆေး မရှိသေးဘဲ၊ WHO ၏ အဆိုအရ ပျမ်းမျှေ-သဆုံးနှုန်းမှာ ၅၀% ခန့် ရှိသည်။
အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ကလည်း ရမ်ပါရာ (Rwampara) နှင့် ဘူနီယာ (Bunia) တို့၏ မြို့ပြအခြေအနေများကြောင့်လည်းကောင်း၊ မွန်ဂွာလူ (Mongwalu) ရှိ သတ္တုတွင်းလုပ်ငန်းများကြောင့်လည်းကောင်း ရောဂါထပ်မံပြန့်ပွားနိုင်ခြေ အန္တရာယ်မြင့်မားမှုအပေါ် စိုးရိမ်ပူပန်မိကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။
Africa CDC၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဂျင်းန် ကာဆီယာ (Dr Jean Kaseya) ကလည်း ရောဂါဖြစ်ပွားရာဒေသများနှင့် အိမ်နီးချင်းနိုင်ငံများအကြား “သိသာထင်ရှားသော လူဦးရေရွှေ့ပြောင်းသွားလာမှုများ” ရှိနေခြင်းကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အာဖရိကနိုင်ငံများတွင် အဆိုပါဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၅,၀၀၀ ခန့် ေ-သဆုံးခဲ့ရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ သေကြေပျ-က်စီးမှုအများဆုံး ရောဂါကူးစက်မှုမှာ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က လူပေါင်း ၃,၃၀၀ နီးပါး ေ-သဆုံးခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၄၅ ဦး ေ-သဆုံးခဲ့သည်။
