ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို မေ လ (၅) ရက်မှ (၂၂) ရက်အထိ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားအသင်းသည် ယခုပြိုင်ပွဲ၏ အုပ်စု (A) တွင် အိမ်ရှင်ဆော်ဒီအာရေးဗီးယား၊ ထိုင်းနှင့် တာဂျကစ္စတန်အသင်းတို့နှင့်အတူ ကျရောက်နေသည်။
မြန်မာပရိသတ်များအနေဖြင့် အုပ်စုအဆင့်ပွဲစဉ်ရလဒ်များကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ပြိုင်ပွဲအတွက် ရုပ်သံထုတ်လွှင့်မှုများကို ကွာတားဖိုင်နယ် (Quarter -finals) အဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိသာ တို-က်ရို-က်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
