ပြည်တွင်းထုတ်ဒီဇင်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့ နယ်မှတောင်သူများထံ သက်သာသောစျေးနှုန်းဖြင့် ယနေ့ ဧပြီ ၁၉ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းအစိုးရအဖွဲ့တို့ပူးပေါင်း၍ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန်ကျန်ရှိသော စိုက်ပျိုးမြေဧက(၂၀,၅၆၉)ဧကအတွက် တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်တွင်းထုတ်ဒီဇယ်ဆီ(၂၀,၅၆၉)ဂါလန်ကို ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအုပ်စု၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ အနောက်ကိုင်းကျေးရွာအုပ်စု၊ ပေတောကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုတို့၌ စုရပ်(၅)နေရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများတွင်အသုံးပြုရန် လက်ငင်းငွေးချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
