Monday, June 15, 2026

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် မြန်မာသမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ...

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး...

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ...

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ...

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့သည်။ လက်တလော၌ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က ၁၈ ကြိမ်မြောက်...
HomeNewsLocal NewsQR ဖြင့် ဆီထည့်မှု...

QR ဖြင့် ဆီထည့်မှု ပြဿနာအချို့ကြုံ၊ မော်တော်ယာဉ် Scan ဖတ်ရာတွင် အဆင်မပြေမှုရှိပါက ကညနတွင် ပြင်ဆင်ပေးနေ

စက်သုံးဆီချွေတာရေးအတွက် ကားလိုင်စင် သက်သေခံကတ်ပြား ဝှီးတက်ပေါ်က QR code ကို Scan ဖတ်ပြီးမှသာ ဆီဖြည့်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း သိရသည်။

အဓိကအားဖြင့် မော်တော်ယာဉ်ဝှီးတက်( Wheel Tax) ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များ ပေါ်နေခြင်း၊ Barcode များ ပျက်နေခြင်း၊ ဆီထည့်ပြီးသား ကားနံပတ်များ ပြန်ပေါ်နေခြင်း၊ ကညနတွင် စာရင်းမရှိကြောင်း ဖော်ပြခြင်းများလည်း ကြုံနေရကြောင်း သိရသည်။

“ကျွန်တော့်ကားက နှစ်ရက်ရှိပြီ ဆီမထည့်ထားတာ၊ စုံမကြောင့် ၊ ဒီနေ့ သိမ်ဖြူ Max မှာ ဆီသွားတန်းတော့ ရောက်တဲ့အခါ ဒီကားက တာမွေဆီဆိုင်မှာ မနက် ကိုးနာရီခွဲက ထည့်ပြီးသွားပြီဆိုပြီး ပြနေတယ်၊ ကိုယ်ကဆီကုန်မှာစိုးလို့ ထွက်ကိုမထွက်ရတာ၊ ဒါကို ဘယ်ကနေ ဘယ်လို ထည့်သွားတာတုန်း၊ အဲလိုတွေလွဲနေတယ်” ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ဆီဆိုင်ကလည်း ကညနကို ညွှန်းသောကြောင့် ကညနသို့သာ သွားရန်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် QR စနစ်ဖြင့် ဆီဖြည့်ခြင်းကို မတ် ၁၂ ရက်မှစတင်ကာ စမ်းသပ်အသုံးပြုနေခြင်းဖြစ်သည်။

“ဘားကုတ်ပျက်နေရင် အသစ်ပြန်ရို-က်ပေးတယ်။ ကားနံပါတ်နဲ့ ဘားကုတ်လွဲနေရင်လည်း ဘားကုတ်အသစ် ပြန်လုပ်ပေးတယ်။ ကညနရုံးတွေမှာ သွားပြင်လို့ရတယ်”ဟု ပြန်လည်ပြင်ဆင်ခဲ့သူတစ်ဦးကလည်း လူမှုကွန်ယက်တွင် ရေးသားထားသည်။

ယနေ့ ရန်ကုန်မြို့တွင်မူ စုံမစနစ်၏ ပညာပေးကာလပြီးဆုံးပြီ ဖြစ်သောကြောင့် အရေးယူမည့် ပထမဆုံးနေ့ ဖြစ်သည်။

ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှုနည်းပါးနေသည်ကို တွေ့ရပြီး စက်သုံးဆီဆိုင်အချို့တွင်မူ ကားတန်းစီမှုများ ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ဖြင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး စတင်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြ

ပေကျင်း၊ ဇွန် ၁၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ဆင်ဟွာသတင်းဌာန၏ အဆိုအရ သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့်လည်း...

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့် အဆိုကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ထိုမှတဆင့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကလည်း မြစ်ကျောက်ထုတ်ယူရာတွင် စည်းကမ်းမဲ့ထုတ်ယူမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်မေသန်းဦးက ပြန်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071