Epson ပရင်တာ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်များကို အသုံးပြုသူများသုံးစွဲရာတွင် အဆင်ပြေလွယ်ကူပြီး အတွေ့အကြုံပိုမိုကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံတွင် After-Sales Service ဝန်ဆောင်မှု စတင်လိုက်ပြီဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းမှာ တနည်းအားဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ရရှိနေသည့်အနေအထားကို ပိုမိုခိုင်မာစေရန်အတွက်လည်းဖြစ်သလို ကမ္ဘာတစ်ဝန်း နိုင်ငံ၁၇၀ ကျော်တွင် ပရင်တာအလုံးသန်း ၁၀၀ကျော် ရောင်းချနိုင်ခဲ့သော ထူးခြားသည့် အောင်မြင်မှုကြီးကလည်း EcoTank ပရင်တာစီးရီးအပေါ် ယုံကြည်မှု အားကောင်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
“မြန်မာနိုင်ငံဟာ Epsonရဲ့ ဒေသတွင်းတိုးတက်မှုအတွက် များစွာအရေးပါတယ်ဆိုတာ သံသယရှိစရာမလိုတဲ့ ဈေးကွက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတွင်း e -commerce မြန်မြန်ဆန်ဆန်တိုးချဲ့လာမှုတွေကြောင့် သုံးစွဲသူတွေရဲ့ ဝယ်ယူနိုင်စွမ်းမြင့်တက်လာမှုနဲ့အတူ ပရင်တာအတွက်တောင်းဆိုမှုက တကိုယ်ရည်အသုံးပြုမှုကနေစပြီး လုပ်ငန်းသုံးအထိ တဖြေးဖြေးမြင့်တက်လာပါတယ်” ဟု Epson (Thailand)၏ မန်နေဂျင်းဒါရိုက်တာ Mr. Yunyong Muneemongkoltorn က ပြောသည်။
Epson သည် မြန်မာနိုင်ငံရှိ ဈေးကွက် trends နှင့် သုံးစွဲသူများ၏ တိုးတက်ပြောင်းလဲလာမှုများအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များကို ဆက်လက်မြင့်တက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် Epson သည် After-Sales Service ဝန်ဆောင်မှုများကို တရားဝင်မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိပြီးသုံးစွဲသူများအနေဖြင့် Epson ထုတ်ကုန်များအပေါ် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိပြီး စုံလင်ပြည့်စုံသော ကုန်ပစ္စည်းအာမခံ Warranty များ ပေးခြင်းအပါအဝင် ထိရောက်မြန်ဆန်သည့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ ရရှိနိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။
Epson မှ မြန်မာနိုင်ငံတွင်တရားဝင်ခန့်အပ်ထားသော တရားဝင်ဖြန့်ဖြူးရေးနှင့်ဝန်ဆောင်မှုပေးရေး ကုမ္ပဏီမှာ Client Focus Technology Group Co.,Ltd(CFTG)ဖြစ်ပြီး ၎င်းသည် ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
Epsonသုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ပစ္စည်းနှင့် ပတ်သက်သည့် Warranty အာမခံမှုကို MyEpson ပလက်ဖောင်းမှတဆင့် မှတ်ပုံတင်ထားပါက After-Sales Service ဝန်ဆောင်မှုကို သေချာစွာရရှိနိုင်မည့်အပြင် မှတ်ပုံတင်ပြီးသုံးစွဲသူများအနေဖြင့် သီးသန့်ပေးပို့မည့်သတင်းအချက်အလက်များနှင့် အထူးအခွင့်အရေးများကိုလည်း ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
